ပြည်သူလူထုအား ပေါ်တာ လုပ်အား မခေါ်ရေးသမ္မတ အမိန့် နယ် စပ်ဒေသအထိ သက်ရောက်ပြီ

ပြည်သူလူထုအား ပေါ်တာ လုပ်အား မခေါ်ရေးသမ္မတ အမိန့် နယ် စပ်ဒေသအထိ သက်ရောက်ပြီ
by -
ခိုနူမ်းထုန်

ပြည်သူလူထုအား လုပ်အားခေါ်ယူခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်းမပြုရေး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့် ချင်းပြည်နယ် နယ်စပ်ဒေသအထိ အာဏာသက်ရောက်မှူ ရှိပြီဟု ဒေသခံတဦးက ပြောသည်။

ဖေါ်ပြပါ နိုင်ငံတော် သမ္မတအမိန့်ကြောင့်ပြည်သူ့ရဲ၊  နယ်မြေခံ တပ်မတော်သားများအနေနှင့် ဒေသခံ  ပြည်သူတွေကို လုပ်အား၊ ပေါ်တာတွေခေါ်မှာ မဟုတ်တော့ကြောင်း မတူပီမြို့နယ်လိုင်လင်းပီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

“ အခု လိုင်လင်းပီ ပြည်သူရဲ မိသားစု လိုင်းတွေကို ပြည်သူရဲတွေကိုယ်တိုင် ဆောက်နေကြတယ်၊ အရင် တပ်မတော် အစိုး ရ လက်ထက်မှာ ပြည်သူတွေကို ကျေးရွာအလိုက် ခွဲတမ်းချပြီး ကိုယ့်စရိတ်နဲ့ ကိုယ် ဆောက်ခိုင်းတာလေ ” ဟု လိုင်လင်း ပီရွာသားတဦးက ပြောသည်။

ပြည်သူ့ရဲနဲ့ နယ်မြေခံ စစ်သားတွေအတွက် စခန်းရုံးနှင့် မိသားစုလိုင်း ပြုပြင်စရိတ်ကို သက်ဆိုင်ရာက ဘတ်ဂျက်တွေ ချပေးခြင်းမရှိကြောင်း  ပြည်သူရဲနဲ့ နီးစပ်သူတဦးက ဆိုသည်။

“ အခု လောလောဆယ်တော့ ပေါ်တာတွေ မရှိပေမဲ့ ရေရှည်အတွက် စိတ်ချလို့မရဘူး၊ သူတို့မှာ အဲဒီအတွက် ဘတ်ဂျက်မရှိဘူးလေ” ဟု ပြောသည်။

သို့သော် ယခုလက်ရှိ ချင်းပြည်နယ်အတွင်း အစိုးရဝန်ထမ်းများသည်  မသမာသောနည်းဖြင့် အခွန်   ကောက် နေကြကြောင်း သိရသည်။

“ စာမေးပွဲကြေး၊ စာစစ်ခ၊ ဆေးစစ်ခ အတွက်ဆိုပြီး  ၀န်ထမ်းတွေက ပြည်သူထံ ငွေကောက်တာတွေရှိသေး တယ်” ဟု မတူပီမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

Most read this week