ချင်းပြည်နယ်ဟားခါးမြို့တော် ပြည်နယ်အဆင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန (Department of Human Settlement and Housing Development ) အတွင်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီလမှ စတင်သည့် အရှူပ်အရှင်းအား မကြာခင် အတွင်း စုံစမ်းစစ်ဆေးတော့့မည်ဟု ကြားသိရသည်။
သက်ဆိုင်ရာ ပြည်နယ်မှူး နှင့် မြို့နယ်အဆင့် ၀န်ထမ်းများအကြား တိုင်တန်းစာများကြောင့် ယခုလို စုံစမ်းစစ် ဆေးရခြင်း ဖြစ်ကြောင်း မြို့နယ်အဆင့် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအသိုင်းအဝိုင်းထံမှ အမည်မဖော် လိုသူက ပြောသည်။
“ အဓိက ကတော့ ပြည်နယ်မှူး ဒေါ်နီနီဝင်းက ဌာနအတွင်း ချင်းလူမျိုးတွေကို နှိမ်လွန်းတယ်၊ မြို့နယ်ဦးစီး မှူး စည်သူ ထက်ကို သူ့ ဒိုင်ယာရီစာအုပ်နဲ့ ပစ်ပေါက်တယ်၊ ၀န်ထမ်းတွေကို မဆီမဆိုင်ပဲ တနာ ရီခန့် ဆဲဆိုကြိမ်း မောင်းတယ်၊ ပြီး တော့ ၀န်ထမ်းအိမ်ယာကနေ နှင်ထုတ်တယ်” ဟု ပြောသည်။
ဖြစ်ပုံမှာ ဒေါ်နီနီဝင်းသည် အစည်းအဝေးဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး ဟားခါးမြို့နယ်မှူးဖြစ်သူ ဦးစည်သူ ထက်ကို ၀န် ထမ်းအိမ်ရာ နေရာ ပေးခြင်း၊ ၀န်ထမ်းများအား အစိုးရအိမ်ယာမှ ဖေဖေါ်ဝါရီလအတွင်း ဖယ်ရှား ပေးရန် အမိန့်ထုတ် လိုက်ခြင်းတို့ကြောင့် ပြသာနာ ကြီးကျယ်လာခြင်းဖြစ်သည်။
အခုကိစ္စနှင့် ပါတ်သက်ပြီး ၀န်ကြီး ဦးငွန်ဆန်းအောင်က သက်ဆိုင်ရာဝန်ထမ်းတွေကို ခေါ်ယူဆုံးမမှု ပြုလုပ်ခဲ့ ကြောင်း၊ ၀န်ထမ်းတွေ နေစရာ နေရာမရှိလို့ အခု တော်တော် ဒုက္ခရောက်နေကြကြောင်းသိရသည်။
“ မြို့နယ်ရုံးက အမျိုးသမီးတဦး သူမ ရုံးခန်မှာ ဆုတောင်းနေစဉ် ဒေါ်နီနီဝင်းက ဒီရုံးက ဆုတောင်းခန်း မဟုတ်ဘူးဆိုပြီး ဆဲ တာ ၊ အမျိုးသမီး ၀န်ထမ်းကလည်း ခံပြောတယ်၊ အဲဒါကို ဒေါ်နီနီဝင်းက လက်ထောက် ပြည်နယ်ဦးစီးမှူးကို ၀န်ကြီး ပူး ငွန်ဆန်းအောင်ထံ အကြောင်းကြားခိုင်းတယ်” ဟု ဆက်ဆိုသည်။
၀န်ကြီးရုံးမှ ၀န်ထမ်းတဦးကမူ “လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုစရိုက်မတူတဲ့ လူတွေ အတူတူ အလုပ်လုပ် တာတော့ အမြဲ တမ်း ပြသာနာရှိနေမှာပဲ၊ တခြားဌာနဆိုင်ရာလည်း အဲလိုပဲ ဖြစ်ကြမှာပါ” ဟု ပြောသည်။
အလားတူဖြစ်ရပ်မျိုး ၂၀၁၁ ခုနှစ် ဇန္နဝါရီ ၁၃ ရက်နေ့တွင် ဟားခါးမြို့ ပြည်နယ်အခွန်ဦးစီးမှူး ဦး ၀င်းအောင်ငွေ က ၄င်း၏ ငယ်သား ပဲန်နောလ် အား ချင်းတွေကို သတ်တာ ကြက်၊ ၀က်သတ်သလောက် တောင် မထင်ဘူး ဆိုပြီး ခြေလွန် လက်လွန် စော်ကားခဲ့ရာ အရေး ပေါ် ဆေးရုံတင်လိုက်ရအထိ ဖြစ်ခဲ့သည်။
ချင်းပြည်နယ်တွင် အဆိုပါ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၁ ခုနှစ် နို၀င်ဘာလ ၃၀ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့ကြပြီး မြို့နယ်ရုံးကို ဖလမ်း၊ မင်းတပ်တွင်ထားရှိကြောင်း၊ မတူပီ၊ ပလက်ဝ၊ တီးတိန်မြို့ များတွင်မူ ဆောက် လုပ်ရေး ဌာနအောက်တွင် ထားရှိကြောင်း သိရသည်။
ဟားခါးမြို့ ပြည်နယ်ရုံးတရုံးတည်းတွင် ပြည်နယ်ဦးစီးမှူး နှင့် လက်ထောက်ပြည်နယ်ဦးစီးမှူး ရုံးထိုင်ပြီး ဟားခါးမြိုနယ် အ ဆင့်တွင် မြို့နယ်ဦးစီးမှူးနှင့် အတူ ၀န်ထမ်း (၃) ဦး ရုံးထိုင်သည်။