မဏိပူရ် ရေကာတာအပေါ် ချင်းပြည်သူများ မျှော်လင့်ချက်

မဏိပူရ် ရေကာတာအပေါ် ချင်းပြည်သူများ မျှော်လင့်ချက်
by -
ခိုနူမ်းထုန်

ဇလပ်၊ ခိုနူမ်းထုန် – ချင်းကျေးလက်ပြည်သူများသည် နွေရာသီ ချောင်းရေနည်းချိန်တွင် အုပ်စုလိုက် ချောင်းရေကို တမံပိတ်ပြီး တမံ အောက် ရေ နည်းသည့် အခါ ချောင်းငါးများကို ဖမ်းလေ့ရှိကြသည်။ ၄င်းသည် ချင်းတို့၏ မရိုးင်္နိုင်သော ငါးဖမ်း ဓလေ့ ဟု လည်း ဆိုရ မည်။ ရေကာတာ ဆိုသည်မှာလည်း ၄င်းနှင့် ထပ်တူပင်ဖြစ်သည်။ သို့သော် ချင်းရိုးရာ တမံပိတ်ငါး ဖမ်းခြင်းနှင့် ရေလှောင်တမံ တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးမူကားတူချင်မှ တူပေမည်။

စစ် အစိုးရတက်လာပြီးနောက်ပိုင်း  ၂၀၀၀ ခုနှစ် ၀န်းကျင်လောက်တွင်  ချင်းပြည်နယ်အတွင်း ရေ လှောင်တမံ စီမံကိန်းများ ကို အကောင်အထည်ဖော်လာခဲ့ဖြစ်သည်။ အပေါ်ယံစီး အားဖြင့် ကြည့် မည်ဆိုပါက ဒေသဖွံ့ဖြိုးရေးဟု သုံးနှုန်းထား သော် လည်း တကယ့်လက်တွေ့ ဖြစ်လာ မလာကိုမူ စောင့်ကြည့် ရအုံးမှာပါ။

အကယ်၍ ရေကာတာကြောင့် လျှပ်စစ်မီးများရရှိမည်ဆိုရုံမျှနှင့်တော့  ချင်းပြည်သူများ ကျေနပ် နိုင်မည် လော၊ အကြောင်း မှာ ရေကာတာမှ ရရှိမည့် အကျိုးရလဒ်အားလုံးထဲက မည်၍မည်မျှ ချင်းပြည်သူများ ခံစား ရသလဲ ဆိုသည့် အချက်ကို ချင်းပြည်သူများ သိရှိဖို့လိုအပ်နေလို့ပါ။

အစိုးရသည် ချင်းပြည်နယ်တွင် မဏိပူရ် ရေလှောင်တမံဘက်စုံစီမံကိန်း၊ လေမျို ရေကာတာ စီမံကိန်းများကို အကောင် အ ထည်ဖော်နေပါသည်။

ရေကာတာ ( ရေလှောင်တမံ) ဆောက်လုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ  မြစ်ချောင်းကို ကန့်လန့်ဖြတ် ပြီးတမံ ပိတ်ရေလှောင်ပြီး လှောင် ရေကို လျှပ်စစ် စွမ်းအင် ထုတ်လုပ်ရေး သောက်သုံးရေ ဖြန့်ဝေရေး၊ ဆည်မြောက်စိုက်ပျိုးရေး၊ ရေကြောင်း သွားလာရေး၊ ရေလွှမ်း မိုး မှုကို ထိန်းသိမ်း ရေးအတွက် အဓိက အသုံးပြခြင်း ဖြစ်သည်။ သို့သော် ရေကာတာ တခု တည်ဆောက် အောင်မြင်ရေး အတွက် ရေကာတာ ပမာဏ အပေါ် မူတည်ပြီး အချိန်ကာလ သည် နှစ်ရှည် ကြာမြင့်သည့် အပြင် သန်း ပေါင်းများစွာသော ငွေပမာဏ ကုန်ကျတတ်သည်။

ဆိုထားသည်နှင့် အညီ မဏိပူရ် ရေလှောင်တမံ ဘက်စုံစီမံကိန်းကိုလည်း လျှပ်စစ် စွမ်းအင် ထုတ်လုပ်ရေး သောက်သုံး ရေဖြန့်ဝေရေး၊ ဆည်မြောက်စိုက်ပျိုးရေး၊ ရေကြောင်း သွားလာရေး၊ ရေလွှမ်းမိုးမှုကို ထိန်းသိမ်း ရေးအတွက် တည် ဆောက်သည်ဟု ကြားသိရသည်။

တည်နေရာမှာ ချင်းပြည်နယ် ဖလမ်းမြို့နယ် နှင့် ဟားခါးမြို့နယ် နယ်နိမိတ်မျဉ်းဖြစ်သည့် မဏိပူရ်မြစ်ပေါ် မြောက် လတ္တီတွဒ် ၂၂  ့၄၈ ဒီဂရီ ၃၇  ့ရ၈ မိနစ်၊ အရှေ့လောင်တီတွဒ် ၉၃ ့ ၅၇ ဒီဂရီ ၄၂  ့ ၆၁ မိနစ် အကြား တွင် တည်ရှိပြီး အမှတ် (၁) လျှပ်စစ် စွမ်းအင် ၀န်ကြီး ဌာန နှင့် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည် မြောင်း ၀န်ကြီး ဌာန တို့က ၂၀၀၄ ခုနှစ်မှ စတင် တည်ဆောက်ခဲ့တာဖြစ်သည်။

စီမံကိန်းကာလကို ၂၀၀၄ မှ ၂၀၁၁ ခုနှစ်အကြားသတ်မှတ်ထားပြီး ကျန်ကျစရိတ်အဖြစ် ကျပ်သန်းပေါင်း  ၁၃၄၉၀၀ ( ဒေါ်လာသန်းပေါင်း ၁၅၂ ) သတ်မှတ်သည်။ ရေကာတာမှ လျှပ်စစ်တပ်ဆင်ဓါတ်အား ၃၈၉ မဂ္ဂဝပ်၊ လျှပ်စစ်ဓါတ်အား ၁၉၀၃ ကီလို၀ပ် နှင့် ဧက ၅၀၀၀ ခန့်လယ်မြေများ ရေပေးဝေနိုင်မည်ဖြစ်သည်။

ဒေသခံပြည်သူများအနေဖြင့် ရေကာတာမှ ရရှိမည့် လျှပ်စစ်ဓါတ်အား၊ စိုက်ပျိုးလယ်ယာများအတွက် မျှော်လင့်ချက်များစွာ ထားရှိနေကြသည်။ သို့သော် အဆိုပါ မဏိပူရ် ရေကာတာဆောက်လုပ်ရေးစီမံကိန်းသက်တမ်းသည် ယနေ့တွင် ကုန် ဆုံးပြီဖြစ်သော်လည်း ရေကာတာ ပြီး စီးမှု တဝက်တောင် မကျိုးသေးခြင်းအတွက် ပြည်သူများ၏ ရေကာတာအပေါ် မျှော်လင့်ချက်သည် ကင်းမဲ့လုဖြစ်နေပါပြီ။

နောက်တချက်အနေဖြင့် အဆိုပါ ရေကာတာမှ ရရှိမည့် လျှပ်စစ်စွမ်းအင်အနက် ရ၃ ရာခိုင်နှုန်းသည် စစ်တပ်၊ လေကြောင်း အတတ်သင်ကျောင်းရှိရာ မိတ္တီလာ စက်မှုဇုံအတွက် အသုံးပြုကြမည့်ကိစ္စသည် ပြည်သူများ အတွက် မျှော်လင့်ချက် ပိုမို ကင်းဝေးစေခဲ့သည်။

အလားတူ လေမျိုမြစ်ရေကာတာမှ ရရှိမည့် လျှပ်စစ်ဓါတ်အား မဂ္ဂဝပ် ၆၀၀ ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောင်းချမှာ ဖြစ်သည်။ သို့သော် လုပ်ငန်း ခေတ္တရပ်တန့်ထားသည်။

မဏိပူရ် ရေကာတာစီမံကိန်း လုပ်ငန်း စတင်အကောင်အထည်ဖော်သည်နှင့် ပြည်သူများ၏ လယ်ယာမြေ ဧက ၃၀ ခန့် သိမ်း ပိုက်ခံရပြီး တစုံတရာ လျှော်ကြေး မရရှိခဲ့ကြပါ။ မြစ်အောက်ပိုင်း လယ်ပိုင်ရှင်များကို ဆည်ရေ ပေးသွင်းပေးမည်ဟု ဂတိခံ ထားကာ ငွေကြေးများ ကောက်ခံနေကြသည်။

 အဆိုးဆုံးမှာ ရေကာတာ အနီးပါတ်ဝန်းကျင်ရှိ အဖိုးတန်ကျွန်းတောကြီးသည် ရွာဖုန်းဆိုးပမာ သက်သက် ပြောင်စင် သွား ခဲ့ပြီဖြစ်သည်။  ဒေသခံများသည် ဘိုးဘွားပိုင်မြေမှ အဖိုးတန်သစ်များ၏ အဆီအနှစ်၊ အကျိုးများကို တစုံတရာ ခံစား ခွင့် မရကြချေ။

သတိထားရမည့်အချက်မှာ ရေကာတာ ထုတ်လုပ်သည့် လျှပ်စစ်နှင့် ရေစွမ်းအင်များသည် စက်ရုံများ၊ မြို့ပေါ်နေလူထုများ၊ ကုပ္မဏီများအတွက်သာ အကျိုးပြုတတ်ပြီး ရေကာတာ ၀န်ကျင်းရှိ ကျေးလက်နေ ပြည်သူများ၊ ဌာနေတိုင်းရင်း သားများ ကမူ ၄င်းတို့၏ သဘာဝ အရင်းအမြစ်နှင့် ရိုးရာ လူမှုနေမှုဘဝများကို ဆုံးရှူံးလေ့ရှိကြသည်။ ရေကာတာ ပိတ်ဆို့ လိုက် သည်နှင့် တဆက်တည်း အောက်ပိုင်းရေများ လျှော့နည်းလာမှာ ဖြစ်ပြီး ရေထွက်ပစ္စည်းများ လျှော့နည်းလာ မည်ဖြစ်သည်။ ထိုအခါ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများသည် ဆင်းရဲဒုက္ခနှင့် မလွဲမသွေ ကြုံတွေ့ ရမည်ဖြစ်သည်။

အတွေ့အကြံု၊ ဗဟုသုတ၊ ငွေကြေးဆင်းရဲသူ ဌာနေ တိုင်းရင်းသားများသည် ရေကာတာကြောင့် ထိခိုက်နစ်နာမှုများ ကြုံ တွေ့နေကြရသော်လည်း ရေကာတာနှင့် ပါတ်သက်ပြီး ဆန္ဒဖော်ထုတ်ခွင့်၊ ၄င်းတို့၏ ဆုံးရှူံးမှုအတွက် တောင်းဆိုခွင့် ကိုပင် မရရှိကြပါ။  ရေကာတာ အနီးအနားတွင် နေထိုင်ကြရသော်လည်း ဆည်ရေ နှင့် လျှပ်စစ်ဓါတ်အား ကို ခံစားခွင့် ရရှိကြမည်မဟုတ်ပေး။

အဆိုးဆုံးမှာ မဏိပူရ် ရေကာတာမှ ရရှိမည့် လျှပ်စစ်စွမ်းအင် ရ၃ ရာခိုင်နှုန်းသည် မိတ္တီလာမြို့ စက်မှု ဇုံအတွက်ဖြစ်ပြီး ကျန် ၂၇ ရာခိုင် နှုန်းသည် ဒေသခံများအတွက် မျှော်လင့်စရာဟု ဆိုနိုင်သည်။ မဟုတ်ရပါ။ ဒေသအတွက် ကုန်သည်များ၊ ပွဲရုံများ၊ အစိုးရ အရာရှိများ၊ အစိုးရရုံးများ၊ ရေကာတာ ဆောက်လုပ်ရေး ၀န်ထမ်းများ ဒေသအခြေစိုက် တပ်မတော် အရာ ရှိများ အတွက်သာ ဖြစ်ပါလိမ့်မည်။

စိုးရိမ်စရာတခုမှာ ရေကာတာ ကျိုးပေါက်မည့် အရေးကြောင့် ရေကာတာ အောက်ပိုင်းရှိ ဒေသခံများ၏ ရပ်တည်နေထိုင်မှု ပြသာနာပင်ဖြစ်ပေသည်။ ထို့ကြောင့် ရေကာတာ တည်ဆောက်မှုကြောင့် ရေကာတာ အောက်ပိုင်းရှိ ဒေသခံများ၏ ဘဝ လုံခြုံမှု မည်မျှ ထိခိုက်သည်ကို ဒေသခံပြည်သူများအား အသိပညာပေး ခြင်း၊ ရေကာတာ ကြောင့် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များအား ဆွေးနွေး ဖလှယ်ခြင်းများကို ပြုလုပ်ပေးသင့်ပေသည်။

Most read this week