ယခုလ ပထမပတ်က စပြီး ပလက်ဝ- ဟားခါး အကြား အနီးဆုံးဆက်သွယ်နိုင်မည့် ကားလမ်းကို မရာဧဝံ ဂေလိ အသင်းတော် ( Mara Evangelical Church) ဦးဆောင်မှုဖြင့် ဒေသအတွင်း ပြည်သူများက ဖောက် လုပ်နေကြသည်ဟု သိရသည်။
အဆိုပါကားလမ်းသည် ပလက်ဝမြို့နယ် ရှင်းလက်ဝ မှ မတူပီမြို့နယ်လိုင်လင်းပီရွာအကြား ဆက်သွယ်မည့် ကားလမ်းဖြစ် ပြီး လိုင်လင်းပီ – ရှင်းလက်ဝ သည် ခြေကျင် တရက်ခရီးသာ သွားရကြောင်း ပြောကြသည်။
ရည်ရွယ်ချက်က “ ကုလားတန်မြစ်ကြောင်းပေါ်ရှိရှင်းလက်ဝ မှ တဆင့် လိုင်လင်းပီ မှ ရေဇွာ ဟားခါး အထိ ကားလမ်း ဆက်သွယ်နိုင်ရေးဖြစ်ပါတယ်၊ အခု ဒေသခံ အင်အား ၃၀၀ ကနေ ကိုယ့်ထူးကိုယ်ချွန်နဲ့ ဖောက်နေ ရတယ်” ဟု MEC သိက္ခာ တော်ရ ဆရာတော် တဦးက ပြောသည်။ ပြောသည်။
အိန္ဒိယ နှင့် မြန်မာအစိုးရသည် ကုလားဖက်စုံတိုးတက်ဖွ့ံဖြိုးရေးစီမံကိန်းကို အကောင်အထည် ဖော်နေဆဲ ဖြစ်ပြီး အဆိုပါ လိုင်လင်းပီ – ရှင်းလက်ဝ ကားလမ်းသာ အောင်မြင်ပါက မြို့တော် ဟားခါးကနေ ပလက်ဝ အထိ သယ်ယူပို့ ဆောင် ရေး အနီးဆုံးဖြစ်မည်ဟု ဆက်ဆိုသည်။
“ ပလက်ဝ မှ ကုလားတန်ရေကြောင်း ပေါ်ရှိ ရှင်းလက်ဝ မှ သည် လိုင်လင်းပီ- ရေဇွာ မှ ဟားခါး သို့ တရက်ထဲ နဲ့ ရောက်နိုင်မယ်” ဟု ဒေသခံလူကြီးတဦးက ပြောသည်။
အဆိုပါကားလမ်းသာ အောင်မြင်ပါက တောင်ပိုင်းပလက်ဝမှ ဒေသထွက်ကုန်စည်များ၊ ရခိုင်ပြည်နယ် မှ ရေထွက် ပစ္စည်းများ ချင်းပြည်နယ်မြို့တော်ဟားခါးသို့ ၄င်း၊ ချင်းပြည်မြောက်ပိုင်းမှ ကုန်စည်များ ချင်းပြည်နယ်တောင်ပိုင်း ပလက် ၀သို့၄င်း တရက်အတွင်း ဖလှယ်နိုင်ကြောင်းလည်း ဒေသခံ ကုန်သည်များ က ပြောကြသည်။
မရာဒေသခံများသည် ၂၀၀၅ ခုနှစ်အတွင်းဖြစ်ပွားသည့် အငတ်ဘေးဒါဏ်ကြောင့် ရိက္ခအထောက် အပ့ံများ သယ်ယူရေး အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကားလမ်းများ ဖောက်လုပ်ခဲ့ကြပြီး ယနေ့ဆိုလျှင် အဆိုပါဒေသများတွင် နွေရာသီ အတွင်း ကားများသွား လာနိုင်ပြီဖြစ်သည်ဟု သိရသည်။
အလားတူ ဒေသခံများသည် မတူပီမြို့မှ လိုင်လင်းပီအထိ ကားလမ်းကိုလည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဖောက်လုပ်ပြီး လိုင်လင်းပီမှ အနီး ဆုံး ရွာအထိ မော်တော်ဆိုင် ကယ်များသွားလာနိုင်ပြီဖြစ် ကြောင်းလည်း သတင်းရရှိသည်။