အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ် Excise & Narcotics Anti-Narcotics Squad က (၁၄၁ ဂရမ်) ရှိ ဘိန်းဖြူ ၁၀ ဟောင် နှင့်အတူ မြန်မာအမျိုးသမီး တဦးကို ဒီဇင်ဘာ ၂၁ ရက် နေ့က ဖမ်း ဆီးခဲ့ကြောင်း သိရသည်။
အဖမ်းဆီးခံအမျိုးသမီးမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် Zonuam ရွာသား အဘဦး Lalhmangaiha ၏ သမီး Lallunghnemi (၃၁နှစ်) ဖြစ်ပြီး လက်ရှိ မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇောလ်မြို့ Bungkawn Dam Veng ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
လက်ရှိ ဘိန်းဖြူကာလပေါက်စျေးကို မသိရသော်လည်း အရင်ဖမ်းဆီးခဲ့ဖူးသော ဘိန်းဖြူတန်ဖိုးအရ အ နည်း ဆုံး ရူပီး ၈ သိန်း ခန့် ရှိကြောင်း မြန်မာနိုင်ငံသားတဦးက ပြောသည်။
မီဇိုရမ်ပြည်နယ်အတွင်းဝင်လာသော ဘိန်းဖြူများမှာ အဓိကအားဖြင့် ကုလားပြည် Silchar ဘက်မှ သော် လည်း ကောင်း မြန်မာနိုင်ငံဘက်မှသော်လည်းကောင်း ဝင်လာခြင်းဖြစ်ပြီး အများအားဖြင့် ဘိန်းဖြူမှုမှာ မြန်မာနိုင်ငံ ချင်းအမျိုးသားများ ပါဝင်ပါတ် သက်ကြောင်း သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ်အတွင်း အဓိက ဘိန်းဖြူရောင်းဝယ်ဖောက်ကားသူ မြန်မာနိုင်ငံ သား နှစ်ဦး ကို ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး SP, CID (Crime) Special Narcotic PS staff နှင့် 26th Assam Riffle တို့က ဖမ်းဆီးခဲ့ ကြောင်းသိရသည်။
မီဇိုရမ်ပြည်နယ်မှာ ပြည်နယ် ဥပဒေနဲ့ မလွတ်ကင်းတဲ့ မြန်မာနိုင်ငံသားတစုကြောင့် ရိုးရိုးသားသား လုပ်ကိုင် စားသောက်သူတွေ အတွက်ထိခိုက်နစ်နာနေတယ်၊ သူတို့ကြောင့် ဒေသခံတွေ မျက်စိနှောက် စရာဖြစ်နေသည်။