အစိုးရ စစ်တပ်က ကျွဲကုန်သည် များထံမှ ကျပ်ငွေ သိန်း ၅၀ ကောက်ယူ

အစိုးရ စစ်တပ်က ကျွဲကုန်သည် များထံမှ ကျပ်ငွေ သိန်း ၅၀ ကောက်ယူ
by -
ခိုနူမ်းထုန် သတင်း

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ဆဘောင်း တဲ တပ် စခန်း ခလရ ၅၀ မှ စစ်သားများက ပြီးခဲ့ သည့် နို၀င်ဘာလ ၂၉ ရက်နေ့က တိရိစ္ဆာန်ကုန်သည်များထံ မှ ကျပ်ငွေသိန်း ၅၀ ကောက်ယူခဲ့သည်ဟု သိရသည်။

တဖက် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်သို့ ရောင်းရန်အတွက် မတူပီမြို့နယ် ရိန်ခိုင်း ကျေးရွာသားကျွဲကုန် သည် နှစ်ဦး ထံမှ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စစ်သားများသည် ရေဇွာမြို့သို့ လစာ သွားထုတ်ပြီးအပြန် ဆဘောင်းတဲတပ်စခန်းပြန်မရောက်ခင် လုံကျွေး နဲ့ စဘောင်းသဲရွာအကြားလမ်းခရီးတွင် ယခုကဲ့သို့ ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
bulls-300x164
“ ကျွဲ ၁၃ ကောင် အတွက် အရင်း သိန်း ၃၀ ကျော် ကုန်ပြီး တကောင်ကို ရူပီး ၂၃၀၀၀ နဲ့ ရောင်းရတယ် ၊ သားသတ် သမားတွေထံမှာ အပ်ရတယ်ဆိုတော့ငွေစောင့်နေရတယ်၊ ငွေလဲနှုန်း ၁၅ ကျပ်နဲ့ ဆိုယင် အမြတ်မ ကျန်တော့ဘူး” ဟုကာယကံရှင်က ပြောသည်။

တိရိစ္ဆာန်ကုန်သည်များသည် အိန္ဒိယ – မြန်မာ ငွေလဲနှုန်းကျဆင်းသောကြောင့် ၄င်းတို့၏ ရောင်းရ ငွေရူပီး များဖြင့် ဆိုလာပြားများ ၀ယ်ယူပြီး ပြည်တွင်းသို့ပြန်လည်ရောင်းချလေ့ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်ရှိ စစ်သားများသည် ဒေသခံများအား ပေါ်တာဆွဲခြင်း၊ လုပ်အားခေါ်ယူခြင်းလျှော့ပါးလာပြီ ဖြစ်သော်လည်း တိရိစ္ဆာန်ကုန်သည်များထံမှ ငွေကောက်ခံခြင်းကိုမူ ဆက်လက်ပြုလုပ်ဆဲဖြစ်သည်။

“ ပြည်သူတွေနဲ့ လူမှုဆက်ဆံရေးက အဆင်ပြေလာပေမဲ့ တိရိစ္ဆာန်ကုန်သည်တွေကို စောင့်ဖမ်းပြီး ငွေကောက် တာတော့ ဆက်ရှိပါသေးတယ်” ဟု နယ်စပ်ရောက်ပြည်သူတဦးက ပြောသည်။

Most read this week