အသက်မပြည့် အမျိုးသမီးတဦးကို ချိမ်းခြောက် ပေါင်းသင်းပြီး ရောင်းစားသူ ချင်းအမျိုးသားတဦး ဖမ်းဆီး

အသက်မပြည့် အမျိုးသမီးတဦးကို ချိမ်းခြောက် ပေါင်းသင်းပြီး ရောင်းစားသူ ချင်းအမျိုးသားတဦး ဖမ်းဆီး
by -
ခိုနူမ်းထုန် သတင်း

မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးအဖွဲ့ Central Anti Drugs Squad (CADS) ကအသက် မပြည့် သူအမျိုးသမီးတဦးကို ချိမ်းခြောက်ပေါင်း သင်းပြီးအခြား အမျိုးသားများ ထံ ပြန်လည် ရောင်းစားသူ အကြီးစား ချင်းအမျိုးသားတဦးကို နိုဝင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

Aizawl-tennis-court

အဖမ်းခံရသူ ချင်းအမျိုးသားမှာ ဖလမ်းမြို့နယ် Lausau ကျေးရွာသား Mena ခေါ် Lalrozama (27) နဲ့ အတူ အသက်မပြည့်သူ မြန်မာအမျိုးသမီးတဦးကို အိုင်ဇောလ်မြို့ Tennis Court ၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီ ခန် ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ထုတ်သတင်းစာ ဖြစ်သည့် The Zozam Time တွင် ဖော်ပြသည်။

“နိုဝင်ဘာလဆန်းလောက်က Lalrozama နဲ့ သူငယ်ချင်းများသည် အိုင်ဇောလ်မြို ့တွင် အိမ်ဖော်အလုပ် လုပ်ကိုင်သူ အဆိပါအမျိုးသမီးကို ဘုရားကျောင်း အပြန်တွင် ဖမ်းဆီးပြီး အလိုမတူ ပေါင်းသင်းဆက် ဆံခဲ့ပြီးနောက်၊ အိမ်အပြင်မထွက်ရန် ချိမ်းခြောက်ခဲ့သည်ဟု” ၄င်းသတင်းစာ တွင် ဖော်ပြသည်။

ဒေသခံအိန္ဒိယအမျိုးသားများထံ တခါအိပ် ရှုပီးငွေ ၃၀၀ ဖြင့် ၂ ကြိမ် ရောင်းစားခဲ့ကြောင်း၊ အမျိုးသမီးအပေါ် ကိုယ်ထိလက်ရောက် စော်ကားခြင်း လည်းပြုလုပ်ခဲ့ပြီး ညအချိန်တွင် ကောင်း ကောင်းမအိပ်ခဲ့ကြောင်း တရာခံမြန်မာအမျိုးသမီးထွက်ဆိုချက်ကို ကိုးကားပြီးအဆိုပါ သတင်းစာတွင် ဖေါ်ပြထားသည်။

အဖမ်းခံခဲ့သူ Lalrozama သည် အမျိုးသမီးများကို အလိုမတူပေါင်းသင်းဆက်ဆံမှုကြောင့် ၃ ကြိမ် တိုင်တိုင် ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Most read this week