၂၀၁၂ဇန္နဝါရီတွင်စီအဲန်အက်ဖ် နှင့် မြန်မာ အစိုးရ တွေ့ဆုံဆွေး နွေးမည်

၂၀၁၂ဇန္နဝါရီတွင်စီအဲန်အက်ဖ် နှင့် မြန်မာ အစိုးရ တွေ့ဆုံဆွေး နွေးမည်
by -
ခိုနူမ်းထုန် သတင်း

နို၀င်ဘာလ ၁၉ ညနေ့ ၂ း ၃၀- ၄းဝဝ အကြား ထိုင်း- မြန်မာနယ်စပ်တနေရာတွင် မြန်မာ အစိုးရ နှင့် ချင်းအမျိုး သား တပ်ဦး အပါအဝင် တိုင်းရင်း သားလက် နက်ကိုင် အဖွဲ့များဖြစ် သည့် KNPP, KNU, KIO တို့ တွေ့ဆုံမှု ရလဒ်အရ စီအဲန်အက်ဖ် နှင့် မြန်မာအစိုးရ ကိုယ်စား လှယ်တို့ ၂၀၁၂  ဇန္နဝါရီ ပထမပတ်အတွင်း ချင်းပြည်နယ် မြို့တော်ဟားခါးတွင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ကြမည်ဟု သိရသည်။

Chin-National-Army3ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) နှင့် မြန်မာအစိုးရကိုယ်စား လှယ်များ တွေ့ဆုံပြီး တဆက်တည်း တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံပွဲတွင် CNF မှ ဥက္ကဌ ပူးဇင်ကျုံးနှင့် တွဲဖက်အထွေထွေ အတွင်း ရေးမှူး(၁)၊ နိုင်ငံရေးတာဝန်ခံ၊ တိုင်းရင်းသား အမျိုးသားကောင်စီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ရွှေခါး တို့ တက်ရောက်သည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်မှ မီးရထား ၀န်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး ၄င်း၏ အကြံပေး ပုဂ္ဂိုလ်များဖြစ်သည့် ဒေါက်တာ တင်မောင် သန်း၊ ဒေါက်တာ ကျော်ရင်လှိုင်နှင့် ဦး လှမောင်ရွှေ တို့ တက်ရောက်သည်။ တွေ့ဆုံပွဲကို တိုင်းရင်း သားလူမျိုးများ ကောင်စီ ( အီးအဲန်စီ) က စီစဉ်လုပ်ပေး ခြင်းဖြစ်သည်။

မီးရထားဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံအပြောင်းအလဲရှိနေပြီဖြစ်ပြီး NLD လည်း ပါတီမှတ်ပုံပြန် တင်ပြီဖြစ် ကြောင်း၊ လက်ရှိ အစိုးရ၏   ငြိမ်းချမ်းရေးသည် ယခင်တန်းတူမှုမှုမရှိတဲ့ ငြိမ်းချမ်းရေးမျိုးမဟုတ်ပဲ ထာဝရငြိမ်းချမ်း ရေးဖြစ် ကြောင်း အဲဒီ လမ်းကြောင်းမှာ စီအဲန်အက်ဖ်လည်း ပါ၀င်စေချင်ကြောင်း ပြောဆိုသည်။

ယင်းကိစ္စနှင့်ပါတ်သက်ပြီး စီအဲန်အက်ဖ် အထွေထွေအတွင်းရေးမှူး ပူး ပေါလ်ဆီထာက“ကျနော်တို့အနေနဲ့ က တွေ့ဆုံ ဆွေးနွေးမှုကနေ ရေရှည်တည်တံ့ခိုင်မြဲတဲ့ တိုင်းပြည်ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကို အစဉ် တစိုက်ဦးတည် နေတာဖြစ် တယ်။ ဒါဟာ ကျနော်တို့ရဲ့ ရပ်တည်ချက်ပါ။ လာမည့်နှစ်ဆန်းပိုင်းမှာ နှစ်ဦးနှစ်ဖက်ကိုယ်စားလှယ်တွေ စေလွှတ်ပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့လဲ အဆင်သင့်လုပ်ထားပါပြီ”  ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦးနှင့် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည်  ၂၀၀၇ ခုနှစ် အတွင်း တွေ့ ဆွေး နွေးမှုပြုလုပ်ခဲ့ကြ သည်။

စီအဲန်အက်ဖ် ဥက္ကဌ က ချင်းတိုင်းရင်းသားတွေဟာ ပြည်ထောင်စု ဖွဲ့စည်းချိန်မှာ ပါ၀င်ခဲ့သလိုပြည်ထောင်စု မှ ခွဲထွက်လို သူ မဟုတ်ကြောင်း ယခု အပြောင်းအလဲအပေါ် စီအဲန်အက်ဖ်အနေဖြင့် ကြိုဆိုကြောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စု အရေး၊ တိုင်းရင်းသားအရေးကိုအလေးထားသင့် ကြောင်း၊ လက်ရှိ သမ္မတကို တိုင်းရင်းသားရေးရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ထားရှိစေလိုကြောင်း၊ သေချာတိကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှိဖို့  ၀န်ကြီး ဦးအောင်မင်း ကိုယ်တိုင် ကိုင်တွယ်စေချင်ကြောင်း ပြောသည်။

ဆက်လက်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ မဖြစ်ခင် Public Consultation ပြုလုပ်ခွင့်ပြုလုပ်စေလို ကြောင်း ထပ်မံ ပြောဆိုသည်ဟု ကြားသိရသည်။

အစိုးရကိုယ်စားလှယ်များ အနေဖြင့် နှစ်ဖက် အပစ်အခပ် ရရှိရေး၊ ဆက်သွယ်ရေးရုံးဖွင့်လှစ်ရေး၊လက်နက် ဖြင့် ခရီးသွား လာမှုပြုရာတွင် နှစ်ဖက် အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရ နှင့် တွေ့ဆုံရေး နေ့ရက် နှင့် နေရာ သတ်မှတ် ရေးစသည့် အချက်များကို ဆွေးနွေးကြရန် ကမ်းလှမ်း ခြင်းဖြစ်သည်ဟု သိရသည်။

ဇန္နဝါရီတွေ့ဆုံပွဲတွင် ချင်းပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ဗဟိုအစိုးရမှလေ့လာသူများတက်ရောက် ကြ မှာ ဖြစ်ပြီး စီအဲန်အက်ဖက်ကမူ ယင်းတွေ့ဆုံပွဲအတွက်၄င်းတို့အတွင်းအရေးပေါ်ဆွေးနွေးမှုများပြု လုပ်ဖွယ် ရှိ သည်ဟု ကြားသိရသည်။

Most read this week