အမျိုးသား ခုခံ ကာကွယ်စစ်အတွက် လက်နက်ကိုင်သည်ဟု စီအဲန်အေ ပြော

အမျိုးသား ခုခံ ကာကွယ်စစ်အတွက် လက်နက်ကိုင်သည်ဟု စီအဲန်အေ ပြော
by -
ခိုနူမ်းထုန် သတင်း

ချင်းအမျိုးသားရေးအတွက် အနှစ် ၂၀ ကျော် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည့် ချင်းအမျိုးသား တပ်မတော်ကအမျိုးသားခုခံ ကာကွယ်ရေး အတွက် လက်နက်ကိုင်ရခြင်းဖြစ်သည်ဟု ပြောသည်။

cnaနို၀င်ဘာလ ၁၁ ရက်က ကျင်းပသည့် ၂၁ ကြိမ်မြောက် ချင်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်း ဆင်းပွဲတွင် လက်ရှိ စစ်ဦးစီးချုပ် တာဝန်ခံ ဗိုလ်မှူးကြီး ဆော်လမွန်က သင်တန်းသားများအား မှာကြားခဲ့ခြင်းဖြစ်သည်။

“ ချင်းအမျိုးသားတပ်မတော်ဟာ တပါးသူက ချင်းအမျိုးသား ဆက်လက်ရှင်သန်ရေး၊ ကမ္ဘာမှာ ချင်းလဲန် မပပျောက်ရေး အတွက် ကျုးကျော်သူမှန်သမျှ ခုခံကာကွယ်သွားမယ်” ဟု ပြောသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ချင်းအမျိုးသားတပ်ဦးမှ ပါတီလူကြီးများ၊ တပ်မတော် စစ်တိုင်းမျိုးများ၊ အရာရှိများ စုံလင်စွာ တက်ရောက်ကြောင်း၊ တဆက်တည်း အကြပ်ငယ်အဆင့် သင်တန်းဆင်းပွဲကိုလည်း ကျင်းပကြကြောင်းသင်တန်းဆင်းပွဲ တွင် လက်ဖြောင့်၊ လက်နက်ငယ် ဖြုတ်၊ တပ် အပါအဝင် တခြား ပြိုင်ပွဲများ ကျင်း ပ ကြကြောင်း လည်း ထပ်မံသိရသည်။

ချင်းအမျိုးသားတပ်ဦးသည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ မွန်ပြည်သစ် ပါတီ NMSP ၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ LDU၊ “ဝ” အမျိုးသားအဖွဲ့ချုပ် WNO နှင့်ကချင်အမျိုးသားအစည်းအရုံး KNO တို့ နှင့် ဖွဲ့စည်းထားသော UNFC တွင် အချိန်ပြည့်အဖွဲ့ ၀င်ဖြစ်သည်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံဖိအားကြောင့် ချင်းအမျိုးသားတပ်မတော် ဗဟို စစ်စခန်းကျဆုံးသည့် နောက်ပိုင်း ချင်းအမျိုးသား တပ်မတော်သည် အိန္ဒိယ – မြန်မာနယ်စပ်တလျှှောက်တွင် ပြောက်ကျား စစ်စခန်းများ တည်ဆောက်ပြီးဆက်လက်လှုပ် ရှားလျက်ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ချင်းအမျိုးသားတပ်ဦး၊ တပ်တော် အမျိုးရေးလှုပ်ရှားမှုကို ပြည်ပရောက် ချင်းပြည်သူ များက ပိုမို ပ့ံပိုး လာကြကြောင်းလည်း ထပ်မံသိရသည်။

“ ချင်းအမျိုးသားတပ်မတော်ဟာ ပြည်သူက ပေါက်ဖွားလာတာဖြစ်သလို ပြည်သူပူးပေါင်းပါ၀င်မှုကအဓိ ကပါ၊” ဟု တပ်မ တော် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Most read this week