ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်းသာ ရှိခဲ့

ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်းသာ ရှိခဲ့
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ် မြို့တော် ဟားခါးတွင် နိုဝင်ဘာ ၈ ရက် နှင့် ၉ ရက်နေ့က ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ သော ဒုတိယ အကြိမ်ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ က မေးခွန်းမေးမြန်းခြင်းသာ ပြုလုပ်နိုင်ခဲ့သည်ဟု သစ်တောနှင့် သတ္ထုတွင်း ၀န်ကြီးဦးကျော်ငြိမ်းက ပြောသည်။

parliament-in-chin-state“တချိူ့ကိုယ်စားလှယ်တောတွေက နယ်တွေရောက်နေကြတော့လေ ဟားခါးမြို့နယ် အနီးနားမှာရှိတဲ့ ကိုယ်စား လှယ် ၄ ဦးလောက်ဘဲ အဆိုတင်ရတယ်၊ အခြေခံဥပဒေထဲမှာ လွှတ်တော်အစည်းအဝေး မစခင် အဆိုတွေကို ၁၀ ရက်ကြိုတင်ရမယ်ဆိုပြီး ပြဌာန်းထားတယ်၊ ဒါကြောင့် တချိူ့အဆိုတွေ တင်လို့မရဘူး’’ ဟု ၀န်ကြီးဦးကျော်ငြိမ်း ကပြောသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တော်များက မေးခွန်းမေးမြန်းခြင်းသာ ပြုလုပ်နိုင်ခဲ့ပြီး နှစ်ရက်တာ ကျင်းပ သော လွှတ်တော်အစည်းအဝေးတွင် မေးခွန်းပေါင်း ၂၀ ခုရှိသည်ဟု ချင်းတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ်လည်းဖြစ်သည့် ၀န်ကြီး ဦးကျော်ငြိမ်းကပြောသည်။

အဆိုတင်သွင်းခွင့်ရသော လွှတ်တော်ကိုယ်စားလှယ်တော်များ၏ အဆိုကိုလည်း လွှတ်တော်ဥက္ကဌက မေးခွန်းအ ဖြစ် ပြောင်းခိုင်းခဲ့သည်ဟုဝန်ကြီးကပြောသည်။ လွှတ်တော် လုပ်ထုံးအရ မေးခွန်း နှင့် အဆိုများကို လွှတ်တော်မခေါ်မှီ ၁၀ ရက်ကြိုတင်၍ သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ ပေးပို့ရသည်။

လွှတ်တော်မှ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို အစည်းအဝေးကျင်းပမည့် ရက်အနည်းငယ်အလိုမှသာ အကြောင်းကြားသည့်အတွက်ကြောင့် ပြင်ဆင်ချိန် အနည်းငယ်သာရရှိခဲ့သည်ဟု အတိုက်အခံ ချင်းပါတီများ ကပြောသည်။

ချင်းအမျိူးသားပါတီမှ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရောဘင်က မေးခွန်း (၇) ခု မေးမြန်းခဲ့သည်ဟုသိရသည်။ ၎င်း၏ မေးခွန်းတချိူ့မှာ ကားလမ်းဖေါက်လုပ်ရေးကိစ္စ၊ အိန္ဒိယမှ ချင်းပြည်နယ် အား ပံပိုးသည့်ကိစ္စ၊ သဘာဝပတ်ဝန်းကျင်းထန်းသိမ်းရေးကော်မတီဖွဲ့စည်းခြင်းရှိမရှိ စသည်တို့ကို မေးမြန်းခဲ့ သည်ဟုသိရသည်။

တိုင်းရင်းသားလူမျိူးများဖွံ့ဖြိုးရေးပါတီ(အီးအဲန်ဒီပီ)မှ မတူပီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဗန်ကျင်းကလည်း ရီဇွာ နှင့် စဘောင်းပီ အကြား ကားလမ်းဖောက်လုပ်ရန် အစီစဉ်ရှိမရှိ၊ချင်းပြည်နယ် တွင် ဆင်းရဲမှုလျှော့ချရေး မည်သို့အကောင်အထည်ဖော်ဆောင်ပုံ နှင့် ပြည်နယ်၏မြို့တော် ဟားခါးတွင် လျှပ်စစ်မီး ရရှိမှု မလုံလောက်သဖြင့် ချက်ချင်းဆောင်ရွက်ပေးရန် ရှိမရှိ ဆိုသည့် မေးခွန်းများကိုမေးမြန်း ခဲ့သည်ဟု ၀န်ကြီး ဦးကျော်ငြိမ်းကပြောသည်။

၎င်းတို့၏ မေးခွန်းများကို သက်ဆိုင်ရာ ၀န်ကြီးက ပြန်လည်ဖြေကြားရာတွင် ပြည်နယ်ရံပုံငွေ နှင့်ပြည် ထောင်စု ရံပုံ ငွေရရှိပြီးပါက တရွာ နှင့် တရွာ ဆက်သွယ်သော လမ်းများကို ဖောက်လုပ်ပေးရန်အစီစဉ် ရှိကြောင်း၊ သဘာ ၀ပတ်ဝန်းကျင်း ထိန်းသိမ်းရေးအတွက် ကော်မတီကိုလည်း ပြည်နယ်အဆင့် ၊
ခရိုင်အဆင့် နှင့် မြို့နယ်အဆင့် တွင် ဖွဲ့စည်းပြီးကြောင်း၊ ဆင်းရဲမှုလျှော့ချရေးအတွက်လည်း ကော်မတီ ၈ ခုဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟုသိရသည်။

ထို့အပြင် ချင်းပြည်နယ်၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေပြ နေခြင်း ကြောင့် ပြည်နယ် အစိုးရအဖွဲ့က တိုးချဲ့တောင်းခံငွေအဖြစ် ကျပ်ငွေ ၂၅ သန်းကို ဗဟိုအစိုးရထံ တင်ပြရန် ဆုံးဖြတ်ခဲ့ သည် ဦးကျော်ငြိမ်းကပြောသည်။

ချင်းပြည်နယ်တွင် ယခုကဲ့သို့ လိုငွေပြနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး ၀န်ကြီး ဦးကျော်ငြိမ်းက “ ကျနော်တို့ ဒေသမှာက အခွန်အကောက်ဝင်ငွေကမရှိဘူးလေ၊ အဲဒီကိစ္စနှင့်ပတ်သက်ပြီး ကျနော်တို့ ညှိနှိုင်းဆောင်ရွက် နေပါတယ်’’ ဟုပြောသည်။

ချင်းပြည်နယ်တွင် ပထမအကြိမ် ပထမလွှတ်တော်ပုံမှန်အစည်းအဝေးကို အစိုးရအဖွဲ့ ဖွဲ့စည်းရန်အတွက် ကျင်းပခဲ့ပြီး အထူးလွှတ်တော်အစည်းအဝေးကို ၀န်ကြီးဌာနအပြောင်းအလဲပြုလုပ်ရန်အတွက် ကျင်းပခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလက ပြည်နယ်ဝန်ကြီးတစ်ဦး အပြောင်းအလဲကိစ္စဖြင့် ဒုတိယအကြိမ် အထူးလွှတ်တော်အစည်း အဝေးထပ်မံခေါ်ယူခဲ့သည်။

ချင်းပြည်နယ်တွင် ပုံမှန်လွှတ်တော်အစည်းအဝေးကို ၂ ကြိမ်၊ အထူးလွှတ်တော်အစည်းအဝေးကို ၂ ကြိမ် စုစုပေါင်း လွှတ်တော်အစည်းအဝေး ၄ ကြိမ် ကျင်းပပြီဖြစ်သည်။

ချင်းပြည်နယ်တွင် လွှတ်တော်အမတ်နေရာ ၂၄ နေရာ၌ ချင်းတိုးတက်ရေးပါတီ (CPP) နှင့်ချင်းအမျိူးသား ပါတီ (CNP) တို့က ငါးဦးစီ နှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ (ENDP) မှ တဦး၊ ကြံ့ခိုင်ရေးမှ ခုနှစ်ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ခြောက်ဦးတို့ ပါရှိသည်။ ပြည်နယ်အစိုးရအဖွဲ့တွင် CPP နှင့် CNP မှ ၀န်ကြီး တနေရာစီ ရရှိကြသည်။

Most read this week