အိန္ဒိယနိုင်ငံမြို ့တော် နယူးဒေလီမြို ့တွင်နေထိုင်ကြ သော ချင်းဒုက္ခသည်များအတွက် ၄င်းတို ့၏လုံခြုံ ရေးကို ရှေ ့ရှုသည့်အနေဖြင့် အရေးပေါ်ထုတ်ပြန်ချက် ကို ချင်းဒုက္ခသည်များကော်မီတီ အီးစီ အစည်းအဝေး က ၂၀၁၁ခုနှစ် နိုဝင်ဘာလ (၉)ရက် နေ ့စွဲဖြင့်ထုတ် ပြန်လိုက်သည်။
ယခုလ (၃) ရက်နေ ့တွင် အိန္ဒိယ အမျိုးသားများက ချင်းဒုက္ခသည်အမျိုးသမီး (၃)ဦးနှင့် အမျိုးသား တစ်ဦးတို ့အား ထိုးနှိက်ပြီး အငြင်းပွားမှုဖြစ်ပွားရာမှ အိန္ဒိယအမျိုးသားတဦး ဒေသခံရဲများက ဖမ်းဆီး သည့်အပေါ် ဒေသခံ အိန္ဒိယလူမျိုးများမကျေမနပ်ဖြစ်နေသောကြောင့် ချင်းဒုက္ခသည်များ၏ လုံခြုံမှုကိုရှေ ့ရှုသည့် အနေဖြင့် ယခုကဲ့သို ့ ထုတ်ပြန်ခြင်းဖြစ်သည်။
“ဒေသခံအိန္ဒိယလူမျိုးများက သူတို ့နေတဲ့ ဧရိယာကနေ မြန်မာဒုက္ခသည်တွေကို မောင်းထုတ်ချင်တာ၊ ဒါပေမဲ ့ ဒီလိုမောင်းထုတ်တာ တချို ့ဒေသခံတွေက မလိုလားကြဘူး။ ဒါနဲ့ ရပ်ကွတ်အတွင်းမှာ ဒေသခံ လူထုအချင်းချင်း မပြေလည်မှုတွေဖြစ်နေတယ်” ဟု စီအာရ်စီမှ ခေါင်းဆောင်တဦးဖြစ်သူ Mr. Run Sum Sin ကဆိုသည်။
စီအာရ်စီ ထုတ်ပြန်ချက်တွင် အခင်းဖြစ်ပွားခဲ့သည့် Vikaspuri ခရိုင်, Budella ကျေးရွာ နှင့် Hastalကျေးရွာ တွင် နေထိုင်ကြသော ချင်းဒုက္ခသည်များအနေဖြင့် ည ၉းဝဝ နာရီမှ မနက် ၆းဝဝ နာရီ အတွင်းအိမ်အပြင် သွားလာခြင်းကို ရှောင်ကျဉ်ရန်ထုတ်ပြန်ထားသည်။
ထိုအပြင် အခင်းဖြစ်ပွားသည့် နေရာ Budella တွင် မည်သူမဆို တဦးတယောက်တည်း သွားလာခြင်း မပြုရန်နှင့် Budella နှင့် Hastal ကျေးရွာပြင်ပတွင် နေထိုင်သူများလည်း အခြေအနေတရပ်ရပ် ပြောင်း လဲမှုမရှိမီကာလ အတော်အတွင်း သတ်မှတ်ထားသည့်နေရာတွင် သွားလာခြင်းမပြုရန် တားမြစ်ထား သည်။
ထို ့နောက် သတ်မှတ်ထားသည့် နေရာတွင် အရက်သောက်သုံးခြင်း၊ မူးယစ်ခြင်း လုံးဝမပြုကြရန် စီအာရ်စီ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။