မီဇိုရမ်ပြည်နယ် Champhai မြို့နယ် Ngurကျေးရွာ ရှိ ရပ်ကွက်ပြည်သူလူထူများက ဆိုင်ကယ်သူခိုး ချင်း အမျိုးသား တဦး ကို အောက်တိုဘာ ၂၇၊ ၂၀၁၁ ရက် နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဖမ်းဆီးခံ ဆိုင်ကယ်သူခိုး ချင်းအမျိုးသားမှာ မြန်မာနိုင်ငံ ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ Suanzang ကျေးရွာသား အ ဘဦး Nang Khan Pai ၏ သား မောင် Thang Khan Kim (32) အား ဒေသခံပြည်သူလူထု များက ဖမ်းဆီးပြီး အာဏာပိုင် ရဲလက်ထဲသို့ အပ်နှံထားသည်။
ဒေသထုတ်သတင်းစာတွင်လည်း Ngur ကျေးရွာတွင် မီးသွေးဖုတ်နေသူ Suanzang ကျေးရွာသားများက Thang Khan Kim အား Ngur ကျေးရွာသားများထံ တိုင်ချက်ဖွင့်ပြီး ကျေးရွာလူကြီးများ က အခုလိုဖမ်းဆီး လိုက်ခြင်းဖြစ်ကြောင်းဖော်ပြသည်။
အာဏာပိုင်ရဲတွေ စစ်ချက်အရ အမှုတွင် တီးတိန်မြို့နယ် Suanzang ကျေးရွာသား ၃ ဦး နှင့် ကလေးမြို့နယ် ပျဉ်းတော် သာ ကျေးရွာသား ၁ ဦး တို့လည်းပါဝင် ပတ်သက်ကြောင်း သိရသည်။
တရားခံများသည် အဆိုပါ ဆိုင်ကယ်ကို မြန်မာပြည်သို့ သယ်သွားပြီး တီးတိန်မြို့နယ်ရှိ Ngalbual ကျေးရွာ ရပ်ကွက် လူကြီး Eng Thang နှင့် ရပ်ကွက်လူကြီး Nang Suan Mang တို့ထံ ရောင်းသည်ဟု ဝန်ခံကြောင်းထပ်မံသိရသည်။
မီဇိုရမ်ပြည်နယ်အတွင်း ဆိုင်ကယ်ခိုးမှုတွင် အဓိကအားဖြင့် မြန်မာနိုင်ငံသားများဖြစ်ပြီး ခိုးရာပါပစ္စည်းများကို မြန်မာနိုင်ငံ သို့ တင်ပို့ပြီး စျေးကောင်းကောင်းဖြင့် ပြန်လည်ရောင်းခ ျနေကြခြင်းဖြစ်သည်။