ချင်းပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၀ ခန့် အစာရေစာ ငတ်မွတ်မှု ရှိမည်

ချင်းပြည်နယ်အတွင်း ကျေးရွာပေါင်း ၃၀ ခန့် အစာရေစာ ငတ်မွတ်မှု ရှိမည်
by -
ခိုနူမ်ထုန် သတင်းဌာန

ယခုနှစ် နို၀င်ဘာလမှ စပြီးချင်းပြည်နယ် မတူပီမြို့ နယ်၊ ပလက်ဝ မြို့နယ်ရှိ မရာနယ်မြေအတွင်း ရွာ ပေါင်း ၃၀ ခန့် အစာရေစာ ငတ်မွတ်မှု ဆက်ရှိ အုံးမည်ဟု ဒေသခံများ ပြောကြသည်။

Jhuming-from-Chin-state

” နို၀င်ဘာလ စပါးရိတ်သိမ်းချိန် နီးလေ၊ ဒေသခံတွေစိုးရိမ်လေဖြစ်တယ်၊ မရာတနယ်လုံး တောင်ယာ စပါး လုံးဝ မကောင်း ဘူး” ဟု လိုင်လင်းပီ ရွာသားတဦးက ပြောသည်။

အိမ်ခြေ ၂၀၀ခန့်ရှိသည့် လိုင်လင်းပီရွာတွင် အိမ်ခြေ ၂ ခု စာ တောင်ယာစပါးသာ တနှစ်စာ ဖူလူံဘွယ်ရှိကြောင်း ဆက်ဆို သည်။

အလားတူ လှုံမန်းရွာသားတဦးက ” ကျတော်တို့ရွာကတော့တရွာလုံး တောင်ယာစပါး မကောင်းဘူး၊စပါးပင် တွေက သူ့အလိုလိုသေနေတယ်” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း ၀ါးသုဉ်းမှုပြသာနာကြောင့် ၂၀၀၆ ခုနှစ်မှ- ၂၀၁၀ ခုနှစ် အထိ ဖြစ်ပွားသောအစာရေ စာငတ်မွတ်မှုကို စေတနာအလှုရှင်များက အတတ်နိုင်ဆုံး ဖြေရှင်းပေးခဲ့ကြသည်။

” ယခုအစာရေစာငတ်မွတ်မှုက ၀ါးသုဉ်းမှုကြောင့်လည်း မဆိုသာပါ၊ ဒါပေမဲ့ မရာတနယ်လုံးဖြစ်သွားတဲ့ ဟာကိုတော့ စဉ်းစားမရဘူး” ဟု တီးဆီးရွာ သားက ပြောသည်။

Most read this week