ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ – ၁၄ အတွင်း ချင်း လူမျိုး (၃) ဦး သေဆုံးမှုအတွက် မင်္သကာသူ (၄) ဦးကို နယ်မြေခံရဲတွေက ဖမ်းဆီးပြီးစစ်ဆေးနေ ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်မီဇိုရမ်ပြည်နယ် လုံးလေ ခရိုင် မန်သဲရွာအနီးချောင်းနဘေးတွင် လွဆွဲနေသူ ချင်း ပြည်နယ်၊ မတူပီမြို့နယ် အိုက်ကား ရွာသား ဦးအောင်နိုင်ဦး နှင့် ရွာဗား ရွာသား ၂ ဦး၏ အလောင်း ကို စက်တင် ဘာလ၂၁ ရက်နေ့ကရေထဲကနေဆယ်ယူခဲ့ကြသည်။
” ရဲတွေက မင်္သကာသူ ၄ ဦးကို ဖမ်းဆီးထားတယ်၊ သေဆုံးသူ တွေရဲ့ရုပ်အလောင်းကို ပြန်လည် ဖော်ယူကြ တယ်၊ စစ်ဆေးရာမှာ ကိုယ်အင်္ဂါတချို့ မစုံမလင်ဖြစ်နေတယ်၊ တဦးကတော့ ဦးခေါင်းမှာ ဒါဏ်ရာ အနည်းငယ် တွေ့ရတယ် “ဟု ဆွေမျိုးတဦးက ပြောသည်။
ဖမ်းဆီးခံရသူတဦးသည် မြန်မာနိုင်ငံသား စစ်ထွက်ဖြစ်ပြီး လူသတ်မှူကို ကျုးလွန်ခဲ့ဘူးသူဖြစ်ပြီး ကျန်တ ဦးသည် နာမည်ဆိုးရှိသူဖြစ်ကြောင်း သူတို့သည် သေဆုံးသူ ၃ ဦး၏ လွစင်အနီးတွင် လွဆွဲနေကြ သူများဖြစ် ကြောင်း ပြောကြသည်။
ယခုပြသနာသည် သေဆုံးသူ ဦးအောင်နိုင်ဦး၏ မိန်းမက ၄င်းယောကျာင်္းထံ အလာတွင် ပြန်လည် အမှု လုပ်ခြင်းဖြစ်သည်။
ရဲတွေပြောဆိုချက်အရ ၄င်းတို့၏ ရုပ်သည် ပုပ်ပွကုန်ပြီဖြစ်သောကြောင့် လူသတ်မှုဟုတ်မဟုတ် ဖော်ထုတ် ဖို့က သိပ်လွယ်မှာ မဟုတ်တော့ကြောင်း သိရသည်။
ယခုအမှုဖြစ်ပွားချိန်သည် မိုးတအားရွာသောကြောင့် ချောင်းရေလည်းတအားကြီး နေချိန်နဲ့ တိုက်ဆိုင်နေသဖြင့် ခရီးသည် အသွားအလာ ပြတ်နေ ချိန်ဖြစ်သည်။