အိန္ဒိယနိုင်ငံ မြို ့တော် နယူးဒေလီ၌ စက်တင်ဘာလ (၁၀) ရက်နေ ့တွင် ပြုတင်းပေါက်မပါသည့် အိမ်ခန်း တခန်းရှိ စားဖိုခန်းမှ ရုတ်တ ရက် မီးလောင်မှု ဖြစ်ပွါး ခဲ့ရာ ချင်းဒုက္ခသည်တဦး ပြင်းထန်စွာဒဏ်ရာရခဲ့ သည်။
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မြို ့တော် ဟားခါးတွင်နေထိုင်ကြသည့် အဖ ဦး Khua Tan နှင့် ဒေါ် Khuang Zi တို ့ ၏သား ဦး Kio Luai Hrang Lung (Kio Luai) (၃၀) သည် စက်တင်ဘာလ (၁၁) ရက်နေ ့ထမင်းစားပွဲ တခုအတွက် စားစရာပြင်ဆင်နေစဉ် စားဖို Gas ယိုမှုကြောင့် တကိုယ် လုံးနီးပါး မီးလောင်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခြင်းဖြစ်သည်။
“မနက်ထမင်းစားပွဲအတွက် ပြင်ဆင်မှုလွယ်အောင်လို ့ အသားတွေကို ပြုတ်တာ။ ဒါနဲ ့ဟင်းသီးဟင်း ရွက် အပြင်ထွက်ပြီး ၀ယ်တဲ့ကြားမှာ Gas ကယိုနေတယ်။ ပြန်ရောက်လာတော့ စားဖို Gas မီးလဲသေနေတယ်။ Gas အနံ ့ တော့ရတယ်။ အဲလောက်ကြီးဖြစ်လာမယ်လို ့မထင်ခဲ့ဘူး။ မီးပြန်ညှိဖို ့ မီးခြစ်ခြစ်တဲ့အခါကျ တော့ တခန်းလုံး လောင်လာတာ” ဟု Mr. Kio Luai ကပြောသည်။
ဒေလီမြို ့တွင် အခြေစိုက်နေသည့် Chin Believer Church (CBC) ဘုရားကျောင်း ပါစတာ Abraham Ram Lian Khar ordination ပေးပွဲအစီအစဉ်တွင် ထမင်းစားပွဲအတွက် ပြင်ဆင်နေချိန်တွင် ယခုကဲ့ သို ့ ရုတ်တရက်လောင်ကျွမ်းခြင်းဖြစ်သည်။
ဤကိစ္စအတွက် အရေးယူမှုပြုလုပ်ပေးနိုင်ရန် ချင်းဒုက္ခသည်များကော်မီတီ ဥက္ကဌသစ်ဖြစ်သည့် ဆလိုင်း ဘိုနိုင်က ဒေလီမြို ့တွင် အခြေစိုက်သော ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး Chief Commission ထံ စက်တင်ဘာလ (၁၇) ရက်နေ ့ရက်စွဲဖြင့် စာရေးအကြောင်းကြားပြီးဖြစ်သော်လည်း ယနေ ့အထိ UNHCR မှမည်သည့် ထောက်ပ့ံကူညီမှု မပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီမှာရှိတဲ့ သူငယ်ချင်း၊ အိမ်နီးနားချင်းက ငွေရေးကြေးရေးအားဖြင့်သော်လည်းကောင်း၊ လိုအပ်သည့် ဖက်မှ ကူညီကြတယ်၊ အဓိကအားဖြင့် CBC တာဝန်ရှိသူတွေက အဓိကကူညီတယ်။ ငွေနဲ ့လည်းကူ သလို ဆန်တွေလည်းဝယ်ပေးတယ်။ သူတို ့အပေါ်အထူးကျေးဇူးတင်တယ်” ဟု Kio Luai ကဆို သည်။
ကီယိုလွဲသည် မီးလောင်သည့် ညညချင်း Deen Dayal Upadhyay (DDU) ပြည်သူ ့ဆေးရုံတင်ခဲ့ သည်။ သို ့သော် ထိုဆေးရုံတာဝန်ရှိသူများက အရေးတယူကုသပေးခြင်းမရှိသည့်အတွက် မိမိဖာသာ ဆေးဝါးများ ၀ယ်ယူပြီး သူနေသည့် နေအိမ်တွင် ကုသမှုပြုလုပ်နေကြောင်း သိရသည်။
“DDU ဆေးရုံမှာ ကောင်းကောင်းမကုဘူး။ ဖြစ်သလိုဘဲ လုပ်ပေးတာ။ ဒါကြောင့် ထွက်ပြီး အိမ်မှာဖြစ်သလို ကုလိုက်တာပါပဲ။ အဲဒီဆေးရုံမှာလဲ ဘာမှမထူးဘူး။ ဆေးလိမ့်ပေးတယ် ဒီလောက်ဘဲ၊ ဆရာဝန်က ပြောပြချက်အရ တကိုယ်လုံးရဲ ့ ၄၀ ရာခိုင်နှုန်းလောင်တယ်တဲ့” ဟု သူကဆိုသည်။
ကီယိုလွဲမိသားစုသည် မြန်မာစစ်အစိုးရ၏ အမျိုးမျိုးဖိနှိပ်မှုကြောင့် နယူးဒေလီမြို ့တွင် ဒုက္ခသည်အဖြစ်ခံ ယူနိုင်ရန် ၂၀၀၈ခုနှစ် ဇူလိုင်လ (၁) ရက်နေ ့တွင် ရောက်ရှိလာကြသည်။ ဒေလီမြို ့ရှိ UNHCR က ၂၀၁၀ ခုနှစ်နှောင်းပိုင်းမှစ၍ ၄င်းတို ့၏ထောက်ပံ့ကြေး ဖျက်တောက်သည့်အတွက် တစ်လ ၂၀၀၀ – ၃၀၀၀ ဖြစ် ကြုံရာအလုပ် လုပ်ကိုင်ကာ မိသားစုအရေး ဖြေရှင်းနေကြသည်။