ကိုယ်ထူကိုယ်ထ အသေးစားရေအားလျှပ်စစ်မီး ရရှိရေး လုပ်အားပေးသူ နှစ်ဦး ရေနစ်သေဆုံး

ကိုယ်ထူကိုယ်ထ အသေးစားရေအားလျှပ်စစ်မီး ရရှိရေး လုပ်အားပေးသူ နှစ်ဦး ရေနစ်သေဆုံး
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ် ဟားခါးမြို့နယ် ဆဲန်ထန်း နယ် Zathal ကျေးရွာသား ညီအကို နှစ်ဦးသည် စက်တင်ဘာလ ၆ ရက်နေ့က ကိုယ်ထူကိုယ်ထ ကျေးရွာ ရေအားလျှပ်စစ်မီးရရှိရေးအတွက်လုပ်အား ပေးစဉ် ရေထဲမျောပါ ပြီးအသက်ဆုံးရှုံး သွားကြ သည်ဟု သိရသည်။

အလုပ်သိမ်းပြီး ရွာအပြန် ညနေ ၄ နာရီခန့်တွင် ရွာနားမှ Lungra ချောင်းအဖြတ်မှာ ယခုကဲ့သို့ရေထဲပါ သွား ကြခြင်း ဖြစ်သည် ဟု သိရသည်။

” မိုးကလည်း တအားရွာတယ်၊ တတောလုံးတိမ်တွေဖုံးတော့ အချင်းချင်းတောင်ကောင်းကောင်းမမြင် နိုင်ကြဘူး၊ ရေက လည်းကြီးနေတော့လေ ရေထဲပါသွားတာ” ဟု မျက်မြင်တဦးက ပြောသည်။

သေဆုံးသူများမှာ Pu Ngaling နဲ့ Pi Thlapen တို့၏ သား ကြီး Tin Ei (30)နှင့် Tial Nawn (26) တို့ ဖြစ်ကြပြီး သားသ မီး ၃ ဦးအိမ်ထောင်ရှင်များဖြစ်ကြသည်။

အခင်းဖြစ်ဖြစ်ချင်းတွင် ရွာသားတွေက အလောင်းကို ရှာဖွေကြပြီး ညနေမှောင်ခါနီးတွင်ပြန်လည်တွေ့ ရှိသည်ဟုသိရ သည်။

ယခုနှစ်မိုးကြောင့် ချင်းပြည်နယ်တွင် လယ်ယာမြေ၊ လမ်းတံတား ပျက်စီးဆုံးရှူံးမှု အများအပြားရှိနေပြီး ယနေ့အထိ မိုးဆက်လက်ရွာနေကြောင်းသိရသည်။ သို့သော် ယင်းပျက်စီးဆုံးရှူံးမှူအတွက် အစိုးရမှ တစုံတရာထောက်ပ့့ံမှူမရှိ ကြောင်းသိရသည်။

ချင်းပြည်သူအများစုသည် ဒေသတွင်း လူမှူဖူလုံရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး၊လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်း များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာလုပ်ကိုင်ကြလေ့ရှိသည်။

” ကျတော်တို့က တခြားနိုင်ငံတွေလို အစိုးရကို အားကိုးလို့မရဘူး၊ပြည်သူဆီက အစိုးရကိုကျွေးနေရတာ ပါ” ဟု ဒေသခံ အစိုးရ ကျောင်းဆရာတဦးကပြောသည်။

Most read this week