အသက် ၄ နှစ် အရွယ် မိန်းကလေးငယ်တဦးကို ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်

အသက် ၄ နှစ် အရွယ် မိန်းကလေးငယ်တဦးကို ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့ပေါ်တွင် ယခုလ ၃ ရက် ညနေ ၃ နာရီခန့်က အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် တဦးကို ၎င်း၏ ဦးလေးတော်စပ်သူကအဓမ္မပြုကျင့်လိုက်ကြောင်း သိရသည်။

အမျိုးသမီးငယ်ကို သူမ၏ အမေဖက်မှ ဆွေမျိုးတော်စပ်သူ ဟားခါးမြို့၊ မြို့ဟောင်း ရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် ပူး ဗျက်နှင်း ထန်၏ သားဆန်းသဲဆို သူက ဖြားယောင်း သွေးဆောင်ပြီးအဓမ္မပြုကျင့်လိုက ်ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်၏ မိခင်က ” ကျမ သမီး အလည်သွားရာက အိမ်အပြန်မှာ သူ့ဦးလေးက အိမ်လိုက် ပို့မယ်ဆိုပြီးတော့ တောစပ်ကနတလကျောင်းနား ကိုခေါ်သွားပြီး အဓမ္မပြု ကျင့်လိုတာ” ဟု ပြောသည်။

ဆန်းသဲသည် ပြစ်မှုကျုးလွန်စဉ် အရက်မူးနေကြောင်း အမျိုးသမီးငယ်အား ပါးစပ်ပိတ်ကာအတင်းအဓမ္မပြု ကျင့်ပြီးနောက် မုန့်ကျွေးမည်ဆိုပြီးအရက်ဆိုင်သို့ထပ်ခေါ်သွားကာ အရက်ထပ်သောက်သေးသည်ဟုသိရ သည်။

” သမီးငယ် ညနေ ၅  နာရီထိ အိမ်မပြန်လို့ သွားရှာတော့မှ အမေ့ကိုတွေ့တွေ့ချင်း ငိုတော့တာ၊ ဒါနဲ့အိမ်ကိုခေါ်သွားပြီး အကြောင်းစုံမေးတော့အဓမ္မပြုကျင့်ခံတယ်လို့ပြောတယ်” ဟု အမျိုးသမီးငယ်၏ မိခင်ကပြောသည်။

ဆရာဝန်ဆေးစစ်ချက်အရ ကလေးမ၏ အင်္ဂါမှာ ဒါဏ်ရာရရှိနေပြီးသွေးထွက်နေပြီး ဒါဏ်ရာပြင်းထန်သော ကြောင့် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်းသိရသည်။

ယင်းကိစ္စကို ဟားခါးမြို့ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပြီးနောက် ကလေးမ၏ ဦးလေး ဆန်းသဲ ကို နယ်မြေခံရဲများက ဖမ်းဆီးရန်ကြိုးပမ်းသော်လည်း ထွက်ပြေးလွတ်မြောက်သွားသဖြင့် သူ၏ ဖခင်အား သူ့သားအစား ထိန်းသိမ်း လိုက်သည်ဟုလည်း သိရသည်။

မိန်းကလေးငယ်၏ မိခင်ဖြစ်သူသည် မုဆိုးမဖြစ်ပြီး ဆင်းဆင်းရဲရဲလုပ်ကိုင်စားသောက်နေသူဖြစ်ကြောင်း ဦးလေးတော်သူ ဆန်းသဲသည် အိမ်ထောင်ပျက် အရက်သမားဖြစ် သည်ဟုသိရသည်။

Most read this week