ဆိုင်ကယ်လိုင်စင်မရှိသေးသူများ အဆမတန် ငွေညှစ်ခံနေရ

ဆိုင်ကယ်လိုင်စင်မရှိသေးသူများ အဆမတန် ငွေညှစ်ခံနေရ
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ကုန်းလမ်းညွန် ကြားရေး ဌာန (ကညန) မှယာဉ်လိုင်စင်လျှောက် ခွင့် ပိတ်ပင် ပြီးနောက် ပိုင်းလိုင်စင်မရှိသေးသည့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များသည် မော်တော် ယာဉ်ထိမ်းများ၏ မတရားငွေညှစ်ခြင်းခံနေကြသည် ဟုသိရသည်။

Hakha_TownBike-” ယာဉ်မောင်းလိုင်စင်တော့ လုပ်လို့ရပေမဲ့ ယာဉ်လိုင်စင်ကို နံပါတ် ၁၉/ယ အထိသာ လုပ်ပေးတယ်၊ ယာဉ်လိုင်စင် မရှိသူ တွေကို တွေ့ယင် အနည်းဆုံး ကျပ်ငွေနှစ်သောင်း တောင်းတယ်၊ ခုတလော မော်တော်ပီကေ (ယာဉ်ထိမ်းရဲ)တွေ တော် တော်သောင်းကျန်းလာကြတယ် ” ဟု ဆိုင်ကယ်ပိုင်ရှင်တဦးက ပြောသည်။

ဟားခါးမြို့ပေါ်တွင် ယာဉ်လိုင်စင်လျှောက်ခွင့်ကို သက်ဆိုင်ရာက ၂၀၁၀ ခုနှစ် အောက်တိုဘာ မှ စပြီး ပိတ်ပင်လိုက်သော ကြောင့် ဆိုင်ကယ်လိုင်စင်မလုပ်လိုက်ရသူ အမြောက်အများ ကျန်ရှိနေသည်ဟုသိရပြီး ၄င်းတို့ကို မော်တော်ယာဉ်ထိမ်းများ ၏ မတရားငွေညှစ်ခြင်းခံနေကြ ခြင်းဖြစ်သည်။

ယခင်က ယာဉ်လိုင်စင်တခုကို ကျပ်ငွေ ငါးသိန်းဖြင့် လုပ်ပေးကြပြီး ယာဉ်မောင်းလိုင်စင်ကို ကျပ်ငွေ ၈ ထောင်ဖြင့်လုပ်ပေး ကြကြောင်း သိရသည်။ လက်ရှိတရုတ်လုပ် ဆိုင်ကယ်ပေါက်စျေးသည် အမျိုးအစား အလိုက် ကျပ် ငွေ ၅ သိန်းမှ ရ သိန်း အထိ ဖြစ်သည်။

ယာဉ်ထိမ်းရဲများသည် ဟားခါးမြို့ပေါ်အပြင်  ထန်တလန် နှင့် ဖလမ်းမြို့အဝင်များ၌ နယ်မှ တက်လာသော လိုင်စင်မဲ့ ဆိုင်ကယ်များကို စောင့်ဖမ်းပြီး ဒါဏ်ငွေ ဆောင်ခိုင်းလေ့ရှိသည်ဟုလည်း တက္ကသိုလ် ကျောင်းသား တဦးကပြောသည်။

” အစိုးရအလုပ်ချိန်က နံနက် ၉ နာရီကနေ ညနေ ၄ နာရီဖြစ်တယ်၊ ဒါပေမဲ့ မော်တော်ပီကေ(ယာဉ်ထိမ်းရဲ) တွေက ညနေ ၆ နာရီကနေ ရ နာရီလောက်မှာ အရပ်ဝတ်နဲ့ မြို့ပြင်ကိုသွားပြီးတော့ ဆိုင်ကယ်ခရီးသည် တွေကို သွားစစ်ပြီး ပိုက်ဆံရှာကြတယ်” ဟု သူကပြောသည်။

နယ်မှတက်လာသော မော်တော်ဆိုင်ကယ်အများစုသည် လိုင်စင်မဲ့ ဆိုင်ကယ်များဖြစ်ကြသည်ဟုသိရသည်။

ဒေသခံများသည် အပြင်ဆိုင်မှာထက် မော်တော်ပီကေများထံမှ ဆိုင်ကယ်များကို ပိုမိုပြီး ၀ယ်ယူလိုကြကြောင်း အကြောင်း မှာ လိုင်စင်ကိစ္စအရှုပ်အရှင်းအတွက်မော်တော်ပီကေများနဲ့ နားလည်မှုရယူနိုင်သောကြောင့့်ဖြစ် ကြောင်း ပြောကြသည်။

“ယာဉ်လိုင်စင်တဲ့သူတွေအတွက်တော့ မော်တော်ပီကေဆီက ၀ယ်ရတာ အဖမ်းခံယင်လည်းနားလည်မှုယူလို့ရ တယ်၊ ဒါပေမဲ့ မော်တော်ပီကေ အသစ်ပြောင်းယင် မလွယ်ပြန်ဘူး”ဟု ဒေသခံတဦးက ပြောသည်။

ဟားခါးမြို့နယ်တွင် မော်တော်ဆိုင်ကယ် အစီးပေါင်း ၈၀၀၀ ခန့်ရှိသည့် အနက်စီးရေ တဝက်ခန့်သည် လိုင်စင်မဲ့ ဆိုင်ကယ်် များသာဖြစ်ကြောင်း အဓိက အားဖြင့်တရုတ်လုပ်ဆိုင်ကယ်များဖြစ်ကြောင်း သိရသည်။

Most read this week