စစ်သားနဲ့ ရဲတွေက နွားကုန်သည်များထံ ကျပ်ငွေ သုံးသိန်းရှစ်သောင်း ငွေညှစ်

စစ်သားနဲ့ ရဲတွေက နွားကုန်သည်များထံ ကျပ်ငွေ သုံးသိန်းရှစ်သောင်း ငွေညှစ်
by -
ခိုနူမ်ထုန် သတင်းဌာန

ယခုလ သြဂုတ်နောက်ဆုံးပတ်အတွင်းချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ မှ နယ်လှည့် စစ်သား များနှင့် ပြည်သူ့ ရဲတွေက တိရိစ္တာန် ကုန်သည် များထံမှနွားများကို ဖမ်းဆီးပြီး ကျပ်ငွေ သုံးသိန်းရှစ် သောင်းညှစ် ယူ သွားသည်ဟုသိရ သည်။

” နွားကောင်ရေ ၈ ကောင် နှင့် နွားနောက် သုံးကောင်အတွက် Thip cang ရွာအဝင်မှာ စစ်သားတွေနဲ့ တိုးပြီး နှစ်သိန်းသုံးပေးရပြီး နယ်စပ်ဂိတ် တီအိုရွာ အဝင်မှာ ရဲတွေကို တသိန်းခွဲ ပေးရပြန်တယ် ၊ မပေးယင်တိရိစ္ဆာန် တွေ ကို သိမ်းမှာ” ဟု ကုန်သည်က ပြောသည်။

တိရိစ္ဆာန်တွေကို တဖက်အိန္ဒ်ိယနိုင်ငံမီဇိုရမ်ပြည်နယ်သို့ ပြန်ရောင်းရန်ဖြစ်ကြောင်း တိရိစ္စာန်တွေကို ကျပ်ငွေ သိန်းသုံးဆယ်ခန့်နဲ့ဝယ်ရကြောင်း သိရသည်။

” တိရိစ္ဆာန် တကောင်မှာ အမြတ်ငွေ တသောင်းကျော်မြတ်ဖို့ခန့်မှန်းထားပေမဲ့ သုံးသိန်းကျော်ကို အာဏာပို်င် တွေက ယူလိုက်တော့ အမြတ်ရှိမှာမဟုတ်တော့ဘူး
” ဟု အဆိုပါ ကုန်သည်က ပြောသည်။

အိန္ဒိယ – မြန်မာနယ်စပ်ကုန် သည်များ သည်မြန်မာပြည်မှ တိရိစ္ဆာန်များ၊ တရုတ်ကုန်များကို အိန္ဒိယနိုင်ငံသို့ တင်သွင်းပြီး ရောင်း ရငွေများကို မြန်မာကျပ်ငွေဖြင့် ပြန်လဲကြသည်။  လက်ရှိ အိန္ဒိယ – မြန်မာ ငွေလဲနှုန်း သည် တရူပီး လျှင် ကျပ်ငွေ ၁၄ ခန့်သာ ရှိသည်။

အလားတူ အခုတလော ဖလမ်းမြို့နယ် ရိဒ် ခေါ်ဒါရ်မြို့သစ်ရှိ ခလရ ၅၀ မှ စစ်သားများသည်လည်း ပုဂ္ဂလိက ကားပိုင်ရှင် များထံမှ ကားများကို အရေးပေါ်အခြေအနေအတွက်ဆိုပြီး တနေ့တစီး အခမဲ့ချောဆွဲနေကြ ကြောင်း ကားပိုင်တွေက ၄င်းတို့ကား ချောမဆွဲရန် ငွေပေးပြီးပြေလည်သည် များလည်းရှိနေကြောင်း ပြောကြသည်။

သို့သော် ထန်တလန်မြို့နယ်အတွင်း စစ်သားများသည် နယ်လှည့်ရာတွင် ပြည်သူများအား အခကြေးငွေဖြင့် ပေါ်တာများငှားရမ်းကြောင်း ရိက္ခာများကို ပြည်သူထံမှကာလပေါက်စျေးအတိုင်း ၀ယ်ယူကြကြောင်း သိရသည်။

“အစိုးသစ်တက်လာတဲ့နောက်ပိုင်း နယ်မြေခံတပ်တွေ ယခင်ကလိုမဟုတ်တော့ဘူး၊ ပြည်သူနဲ့ဆက်ဆံရေး ပိုမို ကောင်းလာတယ်” ဟု လုံလဲရ် ရွာသားတဦးက ပြောသည်။

Most read this week