ချင်းကျောင်းသားလူငယ် ပညာရေး ရံပုံငွေ ဂီတပွဲ ရန်ကုန်တွင် ကျင်းပမည်

ချင်းကျောင်းသားလူငယ် ပညာရေး ရံပုံငွေ ဂီတပွဲ ရန်ကုန်တွင် ကျင်းပမည်
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပညာရေးကွန်ယက်အဖွဲ့ Chin Education Network (CEN) က ဦးစီးပြီးချင်းကျောင်းသား လူငယ်များအတွက် ပညာရေးရံပုံငွေရှာဖွေရေး အစီစဉ်တခုအနေဖြင့် ဂီတဖျော်ဖြေပွဲကိုရန်ကုန်မြို့ တွင် ကျင်းပမည်ဟုသိရသည်။

Vinyl.11ချင်းကျောင်းသားအများစု တက်ရောက်သည့် တက္ကသိုလ်တခုဖြစ်သော စစ်ကိုင်းတိုင်း ကလေးမြို့တွင် Learning Centre ဖွင့်လှစ်နိုင်ရေးအတွက် ရံပုံငွေ ရှာမည့် ဂီတပွဲဖြစ်သည်ဟု ချင်းပညာရေးကွန်ရက် အဖွဲ့မှ အတွင်းရေးမှူး မိုင် Emily က ပြောသည်။

‘‘ အစတုန်းကတော့ Learning Centre ကိုရန်ကုန်မှာ ဖွင့်ဖို့လုပ်တယ် ဒါပေမဲ့ ရန်ကုန်မှာ ဖွင့်လိုက်ရင် ချင်းကျောင်းသား  တွေက လာတက်နိုင်မှာမဟုတ်ဘူးလေ၊ ဒါကြောင့် ချင်းကျောင်းသားအများစု တက်ကြတဲ့ ကလေးတက္ကသိုလ်မှာ ဖွင့်လိုက် လို့ရှိရင် သူတို့လည်းကျောင်းတက်ရင်းနဲ့ တဖက်မှာတခြား ပညာရပ်တွေရရှိနိုင်ဖို့ ကလေးမြို့မှာ ဖွင့်ဖို့စဉ်းစား ကြတာပါ’’ ဟု ၄င်းကပြောသည်။

ယင်း Learning Center ကျောင်းတွင် အဓိကအားဖြင့် အင်္ဂလိပ်စကားပြော၊ Basic Social Science နှင့် အခြား သင်ခန်း စာများကို ပို့ချပေးမည်ဟုသိရသည်။

ထို့အပြင် လူသူအရောက်ပေါက်နည်းသော ချင်းပြည်နယ် ကျေးလက်ဒေသများတွင် သွားရောက်ကာ ချင်းလူငယ်များအား ပညာရေး ၊ လူ့အခွင့်အရေး အကြောင်းအရာ ရက်တိုသင်တန်းများ ပို့ချပေးရန်လည်း စီစဉ်နေသည်ဟု သူကဆက်ပြော သည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် Lion City တွင် လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့၌ကျင်းပမည့်အဆိုပါ ရံပုံငွေပွဲတွင် နိုင်ငံကျော် အဆိုတော်များဖြစ်ကြသော ဆုန်သင်းပါရ်၊ ချောစုခင်၊ စံပီး၊ ကြိုးကြာ၊ စင်ဒီ၊ Nကိုင်ရာ၊ ဇမ်နူး၊ ဗန်သောခ့်ကျင်၊ လင်းလင်း၊ L လွန်းဝါ၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ J-Me၊ ဟူးသဲ၊ ခုပ်ပီး၊ စော်ဘွားနှင့် အခြား နာမည်ကျော်အဆိုတော်များ သီဆိုကြမည်ဖြစ်ပြီး DORON Band မှတီးခတ်သွား မည် ဖြစ်ကြောင်းသိရသည်။

ယင်းဂီတဖျော်ဖြေပွဲသည် ချင်းအသိုင်းအဝိုင်းအတွင်း ကျင်းပသည့် Live Show များအနက် ချင်းအဆိုတော် အများဆုံး ပါ၀င်သီဆိုမည့်ပွဲဖြစ်ပြီးလက်မှတ် တစောင်လျင် ၄ထောင် ကျပ်နှင့် ၁ သောင်းကျပ် အသီးသီး သတ်မှတ်ထားသည်။

စီအီးအဲန်ကို ချင်းလူငယ်များပညာရည် မြင့်မားလာစေရေး နှင့် ချင်းပြည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရန်ကုန်မြို့ အခြေ စိုက် ချင်းကျောင်းသားများ၊ ကျောင်းဆရာများ၊   ပညာရေးအကြံပေးများ၊ လူမှုရေး တက်ကြွလှုပ်ရှားသူများ၊ NGO worker များက အဓိကဦးဆောင်ပြီး ၂၀၁၀ ခုနှစ် မတ်လတွင် ရန် ကုန်မြို့၌ ဖွဲ့စည်းခဲ့ကြသည်။

Most read this week