မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်အဖြစ်ပြောခဲ့ ကြသည့် ချင်းပြည်နယ်အား အထူး ဇုံအဖြစ် သတ်မှတ် ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် ပေးရေး လွတ်တော်သို့ တင်ပြမည်ဟု စီပီပီပါတီက ပြောဆိုလိုက်သည်။
သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကျင်းပသည့် နေပြည်တော်လွတ်တော်အစည်းအဝေးတွင်အထူး သဖြင့် လမ်းပန်း ဆက် သွယ် ရေး၊ ပညာရေး၊ အသေးစားစက်မှူလက်မှူလုပ်ငန်းအကောင် အထည် ဖော်ပေးရေးကို တင်ပြကြမည်ဖြစ်သည်။
” ချင်းပြည်နယ်ဟာ တခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့စာယင် အစစအရာရာ နိမ့်ကျတယ်၊ အဲဒါတွေက အစိုးရမှာ တာဝန်ရှိတယ်” ဟု စီပီပီ ဥက္ကဌ ၊ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ပူး နိုးထန်ကပ်က ပြောသည်။
ဆက်လက်ပြီး ယခု လွတ်တော်အစည်းအဝေးက ပထမအကြိမ်လွတ်တော်အစည်းအဝေးထက် ပိုမိုအားရ စရာဖြစ်လာ ကြောင်း ဆက်ဆိုသည်။” ဆွေးနွေးတာတွေကအစ လွတ်လွတ်လပ်လပ်ပါပဲ။ ပွင့်လင်းမှူ ရှိလာတယ်လို့ မြင်တယ်ပေါ့နော်” ဟု ဆက်ပြောသည်။
သတင်းရရှိချက်အရ ပထမအကြိမ်လွတ်တော်အစည်းအဝေးတွင် အတိုက်အခံ ပါတီများ၏အဆိုပြု ချက် အားလုံးနီးနီး ပယ်ချခံရသည်သာဖြစ် ကြောင်း သိရသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အဖွဲ့၏ ပြီးခဲ့သည့် ဇွန်လက ထုတ်ပြန်သောစစ်တမ်း ကောက်ယူချက်တွင် မြန် မာနိုင်ငံပြည်နယ် နှင့် တိုင်းအားလုံးတွင် ချင်းပြည်နယ်သည်လူမှူရေး၊ စီးပွားရေးအရ အဆင်းရဲဆုံးပြည်နယ်ဖြစ်သည်ဟု ဖော်ပြထားသည်။
” ကျတော်တို့ချင်းပြည်နယ်မှာ အဓိက လိုအပ်တာက လမ်းပန်းဆက်သွယ်ရေးပါ၊ ယခုနှစ်အတွင်း တီးတိန်နဲ့ တွန်းဇံမြို့ နယ်မှာဆို ရေကြီးလို့ လမ်းတံတားတွေ အင်မတန်ပျက်စီးတယ် ” ဟု တွန်းဇံမြို့နယ်မှ စီပီပီ ပါတီခေါင်းဆောင် တဦးက ပြောသည်။
အလားတူ ချင်းအမျိုးသားပါတီကလည်း ချင်းပြည်နယ်အတွက် ၀န်ကြီးတနေရာ ထပ်တိုးပေးရေး တင်ပြကြမည်ဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်ကို ၀န်ကြီး ၈ နေရာဖြင့် အစိုးရဖွဲ့ထားခြင်းဖြစ်သည်။