မီဇိုရမ်ပြည်နယ်တွင် လုံခြုံရေးနှင့် ခိုးမှူ လျှော့ပါးရေး ကော်မရှင်ပစ္စည်း လှည့်ရောင်းခွင့် တားမြစ်

မီဇိုရမ်ပြည်နယ်တွင် လုံခြုံရေးနှင့် ခိုးမှူ လျှော့ပါးရေး ကော်မရှင်ပစ္စည်း လှည့်ရောင်းခွင့် တားမြစ်
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယနိုင်ငံအရှေ့မြောက်မီဇိုရမ်ပြည်နယ်အတွင်း ဒေသလုံခြုံရေးနှင့် ခိုးမှူလျှော့ပါးရေးအတွက် ကုန်ပစ္စည်းများ ကော်မ ရှင်မှ တဆင့် လှည့်လည် ရောင်းချခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။

Mizoram Merchant Association (MIMA) ခေါ် ကုန်သည်အသင်းက  သြဂုတ်လ ၂၂ ရက်နေ့တွင် ပြည်သူထံသို့ ဒေသလုံခြုံရေးနှင့် ခိုးမှူလျော့ပါးရေးကို ရှေ့ရှုပြီး ကော်မရှင်လှည့်လည်ရောင်းချခွင့်ကို တားမြစ်ကြောင်း အသိပေး လိုက်ခြင်းဖြစ်သည်။

” ပြည်နယ် ပြင်ပက ၀င်လာတဲ့ ကုန်ပစ္စည်းတွေကို ဆိုင်ကြီးမှာ အကုန်သွင်းရန် နှင့် ကော်မရှင်မှ တဆင့် ရောင်းချခြင်း မပြု ရန် တားမြစ်လိုက်တယ်” ဟု ကုန်သည် တဦးက ပြောသည်။

ကော်မရှင်တွေက အိမ်တိုင်းလှည့်သည့် အခါ ၄င်းတို့မှ တဆင့် မသမာသူများ ထံ သတင်းရောက်ရှိပြီး အိမ် ဖောက်ထွင်း မှူ၊ ပစ္စည်းခိုးမှူများ ဖြစ်နိုင ်ကြောင်း ပြောဆိုကြသည်။

အမှတ် ၂ အိန္ဒိယ – မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်သည်များသည် တရုတ် နှင့် မြန်မာနိုင်ငံမှ အလှကုန်နှင့် စားကုန်များကို အဓိက တင်သွင်းကြပြီး ယင်းကုန်ပစ္စည်းများကို အဓိကအားဖြင့်မြန်မာပြည် သားများက ကော်မရှင် ယူကြ သည်။

” ဒီကော်မရှင်ခလေးက မိသားစု ၀င်ငွေအတွက် အထူးအကျိုးပြုတယ်၊ လက်မှူပညာမတတ်တဲ့ အမျိုးသမီးတွေဆိုယင် အဲဒါက အကျိုးဖြစ်တယ်” ဟု ကော်မရှင်လုပ်နေသူ ချင်းအမျိုးသမီးတဦးက ပြောသည်။

ဒီရက်ပိုင်းအတွင်း အိန္ဒိယ-မြန်မာ ငွေလှဲနှုန်း အဆမတန်အလွန်ကျဆင်းမှုကြောင့် အမှတ် (၂)ကုန်လမ်း ကြောင်း ရှိ ကုန် သည်များ အခက်တွေ့နေရ ကြောင်း ကုန်သည်များသည် မြန်မာပြည်မှကုန်ရောင်းငွေများ ကို မြန်မာကျပ်ငွေဖြင့် ပြန် လှဲကြသည်။

” ယခုတလော အိန္ဒိယ – မြန်မာ ငွေလှဲနှုန်းက တရူပီး – ကျပ်ငွေ ၁၇ မှ ၁၄ အထိ ကျဆင်းသွားတော့အမြတ် အစွန်း တဲ့အပြင်အရှူံးပေါ်နေတယ် ” ဟု ကုန်သည်တဦးက ပြောသည်။

ယခုနှစ် မိုးကြီးမှူကြောင့် မြန်မာပြည်မှ ကုန်ပစ္စည်းများ အချိန်မှီမရောက်ရှိနိုင်သဖြင့် ကုန်စည်များထင်သ လို မလည် ပတ်နိုင်ကြောင်း ပြောကြသည်။

Most read this week