ချင်းပြည်နယ်တွင် အာဇာနည်နေ့မှေးမှိန်နေ

ချင်းပြည်နယ်တွင် အာဇာနည်နေ့မှေးမှိန်နေ
by -
ခိုနူမ်းထုန် သတင်းဌာန

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံပြည်နယ် နှင့်တိုင်း ဒေသကြီးအတော်များများ၌ (၆၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ချိန် တွင် မြန်မာနိုင်ငံ အနောက်ဘက်ဒေသချင်းပြည်နယ် မှာမူငြိမ်သက် တိတ်ဆိတ်နေ သည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း အပါအဝင်အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးတို့ ကျဆုံးခဲ့သည့် (၆၄) နှစ်မြောက်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင်များကရန်ကုန်မြို့ အပြင် အခြား ပြည်နယ်နှင့် တိုင်း ဒေသကြီး မြို့ကြီးအချို့တွင် ဦးဆောင် ကျင်းပခဲ့ကြသည်။

ချင်းပြည်နယ်တွင် ယခင်က အာဇာနည်နေ့ အခမ်းအနားကိုအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်က ဦးစီးကာ ဆုတောင်းဝတ် ပြုခြင်းအစီအစဉ်များဖြင့် ပြုလုပ်လေ့ရှိ သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်းမှစပြီးအာဇာနည် နေ့ အခမ်းအနားများ မကျင်းပ ဖြစ်တော့ကြောင်း ချင်းပြည်နယ် NLDအဖွဲ့ချူပ်ဥက္ကဌ ဦးဗန်လျံက ပြောသည်။

“ ဒီနှစ်တော့ ရာသီဥတုကလည်း မကောင်းဘူးလေ။  ပြီးတော့ ဌာနချူပ်ကနေအာဇာနည်နေ့လုပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်လည်းမရှိဘူး ’’ဟုဦးဗန်လျံကပြောသည်။

တဖက်တွင် အစိုးရသစ်၏ ပြည်ထဲရေး ၀န်ကြီးကအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်သည် နိုင်ငံရေးပါတီတစ်ရပ် အဖြစ် တည်ရှိခြင်း မရှိတော့ဟု  ပြီးခဲ့သည့်လပိုင်းအတွင်းက သတိပေးပြောဆိုမှုများရှိခဲ့သော ကြောင့်ချင်းပြည် နယ် NLD အဖွဲ့ချူပ်အနေဖြင့်တစုံတရာလှုပ်ရှားမှုမရှိပဲ အခြေအနေကိုစောင့်ကြည့်နေဆဲဖြစ် သည်ဟု ၄င်းကပြောသည်။

“ တကယ်လို့များ ကျွန်တော်တို့ ပါတီကို တရားဝင်ပါတီအဖြစ် ပြန်ပြီးအသိအမှတ်ပြုရင်တော့ ဒီလိုမျိူး အာဇာနည်နေ့ ကိုတက်တက်ကြွကြွနဲ့ လုပ်ဖို့စဉ်းစားထားပါတယ်’’ ဟု ဦးဗန်လျံကဆက်ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ချင်းပြည်နယ် အာဏာပိုင်များသည့်အာဇာနည်နေ့နှင့်ပတ်သက် သည့် အခမ်းအနား၊ ဟောပြောပွဲ အစီအစဉ်များမပြုလုပ်သည့် အချက်သည်လည်း  ချင်းလူငယ်ထုအကြား တွင် အာဇာနည်နေ့ကိုစိတ်ဝင်စားမှု နည်းပါးလာစေသည်ဟုု သူကဆက်ပြောသည်။

အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသည့် အသက် ၂၀ အရွယ်ချင်းအမျိုးသမီးတဦးကလည်း အာဇာနည်နေ့ကို ကြားဖူးသော်လည်း အာဇာနည်၏အနက်အဓိပ္ပါယ်ကို နားမလည်ကြောင်းပြောသည်။

ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ခေတ်ကာလတွင် အာဇာနည်နေ့မကျရောက်မီ ကျောင်းများ တွင်  ဟောပြောပွဲများ လုပ်ပေးလေ့ရှိ သောကြောင့်ကျောင်းသားလူငယ်များအနေဖြင့် အာဇာနည် နေ့အကြောင်း ကို သိရှိကြကြောင်း ယခုနောက် ပိုင်း အစိုးရ ကိုယ်တိုင်က မကျင်းပတော့သောကြောင့် အာဇာနည်နေ့၏အဓိပ္ပါယ်ကို သိရှိသူ နည်းပါးလာခြင်းဖြစ်ကြောင်း ဦးဗန်လျံ  ပြောသည်။

မြန်မာအစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေသည့် ချင်းအမျိူးသားတပ်ဦးအထွေထွေအတွင်းရေးမှူး ပူးပေါလ်စီတာက တော့ အာဇာနည်နေ့ကိုနှစ်စဉ်နစ်တိုင်းအခမ်းအနားများပြုလုပ်ကာအာဇာနည်ခေါင်းဆောင် ကြီး များအား ဂါရဝပြုသင့် သည် ဟုပြောသည်။

အင်္ဂါနေ့က ကျင်းပခဲ့သည့် (၆၄) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင်အာဇာနည်ခေါင်းဆောင် ဗိုလ်ချူပ် အောင်ဆန်း၏ သမီးဖြစ်သူ  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ သူမ၏ဖခင်နှင့် အာဇာနည်ခေါင်းဆောင် များ၏ ဂူဗိမာန်သို့သွားရောက် ဂါရဝပြုနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၉ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ်အာဇာနည်နေ့တွင် ပြန်လည်ဂါရဝ ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

Most read this week