ချင်းလူငယ် ၃ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး

ချင်းလူငယ် ၃ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
by -
ခိုနူမ်ထုန် သတင်းဌာန

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း တမူးမြို့နယ် ထန်းတပင် ကျေးရွာတွင် ယခုလ ၅ ရက်နေ့က ချင်းလူငယ် ၃ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွားကြောင်းသိရသည်။

၄င်းတို့သုံးဦးသည် တောင်ယာတွင် နွားကျောင်းနေကြစဉ် ဇွန်လ ၅ ရက် ညနေပိုင်း ၄ နာရီခန့်တွင် မိုးကြိုး ပစ်ခံရ၍ သေးဆုံးသွားကြခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဆလိုင်း Thara (၁၄ နှစ်) အမိ Pisiangi ၊ ဆလိုင်း Ramculloa (၁၆ နှစ်) အဘ ဦး Lian zuala နှင့် ဆလိုင်း Teroa (၁၇ နှစ်) အဘ ဦး Rallainzuala တို့ဖြစ်သည်။

‘’ မိုးကသိပ်တော့မကြီးဘူး၊ မိုးကြိုးပစ်တာက ညနေပိုင်း ၄ နာရီလောက်မှာ တောင်ယာကနေပြန် လာတဲ့ သူ တွေက ရွာကနေ ၂ ဖာလုံလောက်ဝေးတဲ့တောင်ယာမှာ သူတို့အလောင်းကိုသွားတွေ့ကြတယ် ‘’ ဟု ထန်းတ ပင်ရွာသား Zamte က ပြောသည်။

၄င်းတို့ရုပ်အလောင်းကို တမူးမြို့ပြည်သူ့ဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ပြီး ခွဲစိတ်စစ်ဆေးကြည့်ပြီးနောက် ယနေ့ဇွန်လ ၆ ရက်နေ့တွင် သင်္ဂြုလ်ကြမည်ဖြစ်သည်။

ချင်းလူမျိူးအများစုနေထိုင်ကြသည့် ထန်တပင်ကျေးရွာတွင် ကျောင်းနေရွယ်လူငယ်များသည် စီးပွားရေး ကျပ် တည်းမှုကြောင့် အများစုမှာ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြသည်ဟုထန်းတပင်ရွာသားကပြောသည်။

ထို့ကြောင့် မိဘများကို တဖက်တလမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ကျောင်းမတက်နိုင်ကြသော ချင်း လူငယ်အများစုသည် နွားကျောင်းပြီး ၀င်ငွေရှာဖွေလျက်ရှိသည်ဟုသူကဆက်ပြောသည်။

ထန်းတပင်ကျေးရွာတွင် ကျောင်းမတက်နိုင်ကြသော ကလေးငယ် အယောက် ၃၀ ခန့်ရှိသည်ဟုသိရသည်။