မြေဆီသယ်တဲ့ ကားတစီးတိမ်းမှောက်၊ လူနှစ်ဦးသေဆုံး

မြေဆီသယ်တဲ့ ကားတစီးတိမ်းမှောက်၊ လူနှစ်ဦးသေဆုံး
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ယခုလ ၁၇ ရက် နေ့က မြေဆီတင်ဆောင်သည့်ကုန် ကားတစီးတိမ်း မှောက်သွားခဲ့ရာ ကားဆရာနှင့်သူနာပြုကျောင်းသူ တဦးသေဆုံးသွားကြောင်း သိရသည်။

Chin_state_road

အဆိုပါကုန်တင်ကားသည် အိန္ဒိယ – မြန်မာနယ်စပ် တီအိုမှ စစ်ကိုင်းတိုင်းကလေးမြို့သို့ဓါတ်မြေသြဇာ သယ်ယူပြီး အသွားတွင် ကုန်ချိန်လေးလွန်းသွားကြောင့် တိ်မ်းမှောက်သွားခြင်းဖြစ်ကြောင်းသတင်းရရှိ သည်။

“ ဒီကားမျိုးတွေက ပုံမှန်အားဖြင့် မြေဆီအိတ် ၃၀၀ ခန့်သာသယ်လေ့ရှိတယ်၊ အခု အိတ် ၄၀၀ တင်တော့ ကား ဘရိတ် မထိန်းနိုင်လို့ မှောက်သွားတာဖြစ်တယ် ” ဟု မျက်မြင်တဦးက ပြောသည်။

သေဆုံးသူ ကားဆရာ Pu Liam Kam သည် တီးတိန်မြို့နယ် လိုင်တွီးရွာသားဖြစ်ပြီး သေဆုံးသူခရီးသည် အမျိုးသမီးသည် တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာသစ်သူ ဖလမ်းမြို့တွင်သူနာပြုသင်တန်းတက်နေသူ ဖြစ်ကြောင်း ကျောင်းပိတ်ချိန် အိမ်အပြန် တွင် ယခုလို အဖြစ်ဆိုးနဲ့ကြုံကြိုက်သွားခြင်းဖြစ်သည်။

“ သူ့ရှေ့မှာ ကားကြီး တစီးတော့ သွားပြီးပြီ.. သူ့ကားက နည်းနည်း weight များနေတေ့ာ စက်ကြီး သမားတွေက မသွားနဲ့အုံးလို့ ပြောတာ.. သူက နားမထောင်ပဲနဲ့ ဆက်မောင်းတော့ ဖြည်းဖြည်းခြင်း လှိမ့်ကျသွားတယ်… ပေ ၁၀၀ လောက် တော့ လိမ့်ဆင်းသွားတယ်” ဟု မျက်မြင်တဦးက ပြောသည်။

အိန္ဒိနိုင်ငံမှထုတ်လုပ်သော ဓာတ်မြေသြဇာများကို အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးလမ်းမှတဆင့် ချင်းပြည်နယ်ကိုဖြတ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး မှ  တရုတ်၊ ထိုင်း နိုင်ငံများသို့ တင်ပို့ လျက်ရှိကြောင်း ဟိုင်မွားလ်ရွာရှိ မော်တော်ယဉ် ဂိတ်မှူးတဦးက ပြောသည်။

Most read this week