တွန်းဇံမြို့နယ်တွင် ယခုနှစ်အတွင်း ဘိန်း ဧက တစ်ထောင်ခန့် စိုက်မည်

တွန်းဇံမြို့နယ်တွင် ယခုနှစ်အတွင်း ဘိန်း ဧက တစ်ထောင်ခန့် စိုက်မည်
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် ၂၀၁၁ ခုနှစ်အတွင်းဘိန်းခင်း ဧက တထောင်ခန့်စိုက်ပျိူးကြမည်ဟုဒေသခံ များပြောဆိုချက် အရသိရသည်။ ...

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် ၂၀၁၁ ခုနှစ်အတွင်းဘိန်းခင်း ဧက တထောင်ခန့်စိုက်ပျိူးကြမည်ဟုဒေသခံ များပြောဆိုချက် အရသိရသည်။

Opium-300x205အမည် မဖော်လိုသူ ဒေသခံတဦးက “ဘိန်းခင်းအတွက် ဒေသခံတွေက တောခုတ်ထားပြီးပြီ၊ မတ်လလယ်လောက်တော့ ယာမီးရှို့တော့မယ် ” ဟု ပြောသည်။

ဘိန်းပင်များကို တွန်းဇံဒေသခံများကစိုက်ပျိူးကြပြီး ဒေသတွင်း အာဏာပိုင်များထံအခွန်ငွေပေးဆောင်ကာ လွတ်လွတ် လပ်လပ်စိုက်ပျိူး နေကြသည်ဟု ၄င်းကဆိုသည်။

“စစ်တပ်၊ ရဲတွေက ကောက်တယ်၊ စစ်တပ်က တအိမ်ထောင်ကို ဘိန်းစိမ်းတပိသာ၊ရဲကတော့ သတ်သတ်မှတ်မှတ် မရှိဘူး၊ တအိမ်ကို ကျပ်ငွေ နှစ်သောင်း၊သုံးသောင်း ကောက်တယ် ” ဟု သူကပြောသည်။

အလားတူ တွန်းဇံမြို့နယ်ဒေသခံများသည် ကန်ယား ဟု ခေါ်သော မူးယစ်ပင်တမျိုးကို စိုက်နေကြောင်းလည်း ထပ်မံ သိရသည်။

ယခုလက်ရှိတွင် ဘိန်းစိမ်းတပိသာကို ကျပ်ငွေ ၆ သိန်းဖြင့်တရုတ်ကုန်သည်များက ၀ယ်ယူကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်း
တမူးမြို့နယ်အတွင်း၌ဘိန်းဖြူအဖြစ် ပြန်လည်ထုတ်လုပ်မှုများလည်းရှိနေကြောင်း ဒေသခံများကပြောဆိုကြသည်။

ယခင်က အဆိုပါ ဒေသတွင် အရှေ့မြောက် အိန္ဒိယ လူမျိုးစု လက်နက်ကိုင်များအာဏာပိုင်များထံ အခွန်ဆောင်ပြီး ဘိန်း စိုက်ပျိုးကြသည်။

Most read this week