ချင်းပါတီများက ပြည်နယ် ဥပဒေ ရေးဆွဲရာတွင် တသံတည်း ထွက်ရန် ဆုံးဖြတ်

ချင်းပါတီများက ပြည်နယ် ဥပဒေ ရေးဆွဲရာတွင် တသံတည်း ထွက်ရန် ဆုံးဖြတ်
by -
ခိုနူမ်းထုန်သတင်း

ချင်းလူမျိူးစု ကိုယ်စားပြုပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ နှင့် ချင်း တိုးတက်ရေးပါတီ ခေါင်းဆောင်တို့က ရန်ကုန်မြို့၊ ချင်း အမျိုးသားပါတီ ဌာနချုပ်ရုံးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံ ...

ချင်းလူမျိူးစု ကိုယ်စားပြုပါတီ နှစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ နှင့် ချင်း တိုးတက်ရေးပါတီ ခေါင်းဆောင်တို့က ရန်ကုန်မြို့၊ ချင်း အမျိုးသားပါတီ ဌာနချုပ်ရုံးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ကြရာ ပြည်နယ်ဥပဒေရေးဆွဲရာတွင် တသံ တည်းထွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည် ဟုသိရသည်။

ချင်းအမျိူးသားပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက “ချင်းပြည်သူတွေအတွက် နှစ်ပါတီလက်တွဲ ပြီး လုပ်ငန်း ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်၊ ပြည်နယ်ဥပဒေရေးဆွဲယင် တသံတည်းထွက်ဖို့ ဆိုတာတွေဆွေးနွေးကြ တယ် ” ဟု ပြောသည်။

ထို့အပြင် ပြည်သူများ၏ တကယ့်လိုအပ်ချက်များကို ဥပဒေရေးဆွဲရာတွင် ထည့်သွင်းနိုင်ရေး၊ ပြည်သူလူထုအတွက် အကျိုး ယုတ်စေမည့် ဥပဒေများ ဖျက်သိမ်း ကာကွယ်ရေးနှင့် အဓိကအားဖြင့် ပြည်နယ်လွတ်တော်မှာလက်တွဲဖို့ ဖြစ်ကြောင်းသိရသည်။

ယင်းတွေ့ဆုံပွဲတွင် ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူးဆလိုင်ကျဲဘိခ်ထောင်းနှင့် အတွင်းရေးမှူး(၂) ဆလိုင်း ထီယံအုပ်ထန်၊ ချင်းတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ဦးဒိုင်ထုန်း၊အတွင်းရေးမှူး (၂) ပူး ရှိန်ထွန်း နှင့် ဘဏ္ဍာထိန်း ပူး ဗန်ဘောင်တို့ပါ၀င်ကြသည်ဟု သိရသည်။

နှစ်ပါတီခေါင်းဆောင်များသည် လုပ်ငန်းစဉ်အသေးစိတ် ဆွေးနွေးရန်အတွက် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြန်လည် တွေ့ဆုံကြမည် ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် အမတ်တစ်နေရာရရှိ သည့် တိုင်းရင်းသား လူမျိုးများဖွ့ံဖြိုး ရေးပါတီ(အီးအဲန်ဒီပီ) ခေါင်းဆောင်တွေကိုလည်း လက်တွဲ ရန် ဖိတ်ကြားမည် ဖြစ်ကြောင်း သိရသည်။

ပါတီခေါင်းဆောင်များအနေဖြင့် ပြည်နယ် အစိုးရဝန်ကြီးအဖွဲ့မှာ ၄င်းတို့ကိုယ်စားလှယ်များနေရာ ရရှိသွားကြမယ်လို့ ယုံကြည်ကြကြောင်း သိရသည်။

“၀န်ကြီးနေရာက အဓိက မဟုတ်ပါဘူး၊ ပြည်နယ်အတွက် အကျိုးရှိမယ့်ဥပဒေရေးဆွဲနိုင်ဖို့က အရေးကြီးတယ်၊ အဲဒါတွေအတွက် ချင်းပါတီတွေပူးပေါင်းဖို့လိုတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်းက ဆက်ပြောသည်။

နို၀င်ဘာ ရ ရက်နေ့ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ နေရာအတွက် ချင်းတိုးတက်ရေး ပါတီမှ (၅) ဦး၊ ချင်းအမျိုးသားပါတီမှ (၅)ဦး၊ အီးအဲန်ဒီပီပါတီမှ (၁) ဦး၊ ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ( ရ) အသီးသီးအနိုင်ရရှိသွားကြသည်။

Most read this week