ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်လွှတ်တော် သုံးခု စလုံးတွင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ...
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်လွှတ်တော် သုံးခု စလုံးတွင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲကြောင့် အနိုင်ရထားသည်ဟု သိရသည်။
“အဓိကကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တာပေါ့” ဟု မင်းတပ်မြို့ ချင်းအမျိုးသားပါတီ ဥက္ကဌက ပြောသည်။
“ကြိုတင်မဲက အရမ်းများနေတယ်။ ထောင်ဂဏန်း ကျော်တယ်လေ။ အဲဒီကြိုတင်မဲ အားလုံးက သူတို့ (ကြံ့ဖွံ့) ပါတီလက်ထဲ ရောက်ကုန်တယ်လေ။ ပြီးတော့ ကြိုတင်မဲတွေ တော်တော်များများက အဖုံးမပိတ်ဘူး ဖြစ်နေတယ်” ဟု ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ်ထောင်းက ပြောသည်။
ယခုလို ကြံ့ဖွံ့ပါတီရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် (ပြည်ထောင်စုမြန်မာနိုင်ငံ) တို့ လေးပါတီ သဘောတူလက်မှတ်ထိုးပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံ စာရေးတင်ပြမည်ဟု မင်းတပ်မြို့ ချင်းအမျိုးသားပါတီ ဥက္ကဌက ပြောပါသည်။
မင်းတပ်မြို့နယ်တွင် ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် (ပြည်ထောင်စု မြန်မာနိုင်ငံ) (UMFNP) ပါတီတို့ ၀င်ရောက် ယှဉ်ပြိုင်ကြသည်။
အလားတူ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ကြံ့ဖွံ့ပါတီက ထိပ်ဆုံးကနေ ဦးဆောင်နေသည်ဟုလည်း သိရသည်။