မြန်မာနိုင်ငံသား နှစ်ဦးက နွားနို့သယ် အမျိုးသမီးတဦး မုဒိန်းကျင့်

မြန်မာနိုင်ငံသား နှစ်ဦးက နွားနို့သယ် အမျိုးသမီးတဦး မုဒိန်းကျင့်
by -
ခိုနူမ်းထုန်သတင်း

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်က မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ဒေသခံ နွားနို့သည် အမျိုးသမီး တဦးကို မြန်မာပြည်သား နှစ်ဦးက မုဒိမ်းကျင့်....

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်က မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ဒေသခံ နွားနို့သည် အမျိုးသမီး တဦးကို မြန်မာပြည်သား နှစ်ဦးက မုဒိမ်းကျင့်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးကို အိုင်ဇောလ်မြို့ Rangvamual နှင့် Hunthar ရပ်ကွက်အကြား နွားနို့ ပို့ပြီး အပြန်လမ်းမှာ ချောက်ထဲ အတင်း ဆွဲခေါ်ပြီး မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တရားခံ နှစ်ဦးကို အာဏာပိုင်တွေက အောက်တိုဘာ ၂၆ ရက်နေ့မှာ ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။

burmese_menအဖမ်းခံ တရာခံ နှစ်ဦးတို့မှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် လက်ပံချောင်းရွာမှ အသက် ၁၉ နှစ်အရွယ် ရှိ Lal chawiliana နှင့် အသက် ၁၈ နှစ်အရွယ် ရှိ Vanlalpekmuana တို့ ဖြစ်ကြပြီး အခုလက်ရှိ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Rangvamual ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြောင်း အဖမ်းခံသူ နှစ်ဦးအနက် တဦးက မိမိအပြစ်ကို ဝန်ခံခဲ့ကြောင်း ဒေသထုတ် သတင်းစာအရ သိရသည်။

“မနေ့က နွားနို့နှင့် ကြက်ဥ ရောင်းသွားခဲ့ပြီး အပြန်လမ်းမှာ Taxi တစီးကို တားခဲ့ပါတယ်၊ Taxi မှာ ပါလာတဲ့ လူတွေက အရက် မူးနေကြလို့ အဲဒီ Taxi ကို မစီးဘဲ ခြေချင်လျောက် လာခဲ့တယ်။ ညနေပိုင်း ၅ နာရီလောက် ရှိပြီ၊ Hunthar ရပ်ကွက် အနီးမှာ ရှိတဲ့ Star Cement ကိုဒေါင် နားရောက်တော့ လူ ၂ ယောက်က ကျမ နောက်ကနေ လာချုပ်ပြီး တောထဲကို အတင်းဆွဲခေါ်သွားတယ်။ ကျမ င်္အကျီကို ဆွဲဖြဲကြပြီး တဲအိမ်လေးတလုံးထဲမှာ ၂ ယောက်စလုံးက မုဒိန်းကျင့်ခဲ့တယ်” ဟု အမျိုးသမီးက ပြောပြခဲ့ကြောင်း၎င်းသတင်းစာ အရ သိရသည်။

မီဇိုရမ်ပြည်နယ်အတွင်း မုဒိမ်းမှုများ၊ လက်နက်မှောင်ခိုမှုများ၊ မူးယစ်ဆေးဝါးမှုများတွင် မြန်မာပြည်သားများ ပါဝင်ပါတ်သက်နေမှု အပေါ် ဒေသခံများနှင့် ကောင်းရောင်းကောင်းဝယ် လုပ်စားသူများအကြား လူမှုရေး ထိခိုက်လာနိုင်သည်ကို စိုးရိမ်နေကြ ကြောင်းလည်း သိရသည်။

“ဒီလိုပြစ်မှုကျူးလွန်သူတွေကိုတော့ ပြစ်မှုအတိုင်း ထိထိရောက်ရောက် အရေးယူတာ ကောင်းတယ်၊ ဒီလို ပြစ်မှုတွေ မရှိဘို့ မြန်မာ ပြည်သားတွေမှာလည်း တာဝန် ရှိတယ်” ဟု အိုင်ဇောလ်မြို့ရှိ ချင်းဘာသာရေး ခေါင်းဆောင် တဦးက ပြောသည်။

အဆိုပါ အမှု ဖြစ်ပွားသည့် ရပ်ကွက်သည့် အိုင်ဇောလ်မြို့အတွင်း အဓိက တောအရက် ချက်လုပ်သည့် နေရာဖြစ်သည့်အပြင် အများ အားဖြင့် မြန်မာပြည်သားများ နေထိုင်သည့် နေရာလည်း ဖြစ်သည်။