မီဇိုရမ်ရဲက မြန်မာနိုင်ငံသား ၈၀ ကျော် ဖမ်းဆီးပြီး နယ်စပ်ကို ပြန်ပို့

မီဇိုရမ်ရဲက မြန်မာနိုင်ငံသား ၈၀ ကျော် ဖမ်းဆီးပြီး နယ်စပ်ကို ပြန်ပို့

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် တရားမ၀င် လာရောက်နေထိုင်ကြသော မြန်မာနိုင်ငံသား အယောက် ၈၂ ဦးကို မီဇိုရမ်ရဲများက ဖမ်းဆီး...

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် တရားမ၀င် လာရောက်နေထိုင်ကြသော မြန်မာနိုင်ငံသား အယောက် ၈၂ ဦးကို မီဇိုရမ်ရဲများက ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်လိုက်သည်။

ယခုလ ၂၈ ရက်နေ့က မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောလ်မြို့ပေါ်ရှိ Ramthar, Ramhlung south, Zuangtui, Sihpui စသည့် ရပ်ကွက် အသီးသီးတွင် ယက္ကန်းအလုပ်သမားများကို မီဇိုရမ်ရဲက ဖမ်းဆီးခဲ့သည်။

ထို့နောက် နောက်နေ့ ၂၉ ရက်နေ့တွင် မီဇိုရမ်ဗဟိုတရားရုံးက  ပုဒ်မ section 14 of Foreigner Act, 1946 ဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး သြဂုတ်လ ၃၀ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် ဘက်သို့  ပို့ဆောင်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း မီဇိုရမ်အစိုးရ အနေဖြင့် ဒေသတွင်း အခြေစိုက်သည့် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များကိုလည်း လေ့လာစောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သိရသည်။

မီဇိုရမ်နေ့စဉ်ထုတ် The Zozam Times သတင်းစာထဲတွင် ယခု အဖမ်းအဆီးတွင် မြန်မာနယ်စပ်တလျှောက် လူသားချင်း စာနာသည့် အထောက်အကူပြု လုပ်ငန်းများ လုပ်ကိုင်နေသည့် Free Burma Rangers အဖွဲ့ဝင် များလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။

ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်တွင် နေထိုင်သော ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသားများအပြင် မြန်မာနိုင်ငံ သားများအတွက် အထောက်အကူပြု လုပ်ငန်းများ လုပ်ကိုင်နေသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူများအား ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းသည် အိန္ဒိယ ဗဟိုအစိုးရ၏ ဖိအားပေးမှုကြောင့်လည်း ပါဝင် နိုင်သည်ဟု အမည်မဖော်လိုသူ မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။

“မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ အိန္ဒိယနိုင်ငံမှာ ငါးရက်ကြာ ချစ်ကြည်ရေး အလည် အပတ်လာ သွားတဲ့ နောက်ပိုင်းကစလို့ ဒီမှာ ရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို မီဇိုရမ်အစိုးရ၊ ထောက်လှမ်းရေးတွေကလည်း ပိုပြီးတော့ စောင့်ကြည့်လေ့လာမှုတွေ လုပ်လာတာကို တွေ့ရတယ်” ဟု သူက ပြောသည်။

တချိန်တည်းမှာဘဲ အိန္ဒိယဗဟိုအစိုးရ Ministry of Home Affairs (Foreigners’ Division) က အိန္ဒိယ-မြန်မာ နယ်စပ် ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာချက် အသစ်တခု ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် ယခင်က မြန်မာနိုင်ငံသားများ အိန္ဒိယမြေပေါ်သို့ ကီလိုမီတာ ၄၀ အတွင်း လွတ်လပ်စွာ ၀င်ထွက်သွားခွင့် ရှိကြောင်း သတ်မှတ်ထားသည်ကို ယခုအခါ ကီလိုမီတာ ၁၆ အထိသာ သွား လာခွင့် ပြုတော့ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့အင်အား အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သော အိန္ဒိယသည် မြန်မာ့ဒီမိုကရေစီရေးကို ယခင်က ထောက်ခံ အားပေးမှုများ ရှိခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်း အရှေ့မျှော်ဝါဒ ကျင့်သုံးချိန်မှ စ၍ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများရှိ ခွဲထွက်ရေးသူပုန် စစ်ဆင်ရေးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု တိုးမြှင့် လုပ်ဆောင်ခြင်းများ၊ စစ်အစိုးရအား လက်နက်နှင့် နည်းပညာထောက်ပံ့မှုများ ပြုလုပ်လာခဲ့သည်။

 

 

 

 

 

Most read this week