မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦးသေဆုံး

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦးသေဆုံး

မီဇိုရမ်ပြည်နယ် လုံးလေ မြို့နယ်တွင်် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးအပါ အဝင် လူ ၄ ဦးသေဆုံး...

မီဇိုရမ်ပြည်နယ် လုံးလေ မြို့နယ်တွင်် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးအပါ အဝင် လူ ၄ ဦးသေဆုံးသွားခဲ့ကြောင်းသိရသည်။

သေဆုံးသူမြန်မာနိုင်ငံသား ၂ ဦးမှာ ချင်းအမျိူးသားများဖြစ်ကြပြီး မောင် ချန်ထောင်း အသက် (၃၀) အဘ ဦး ဟါလ်ကျင်း၊ မောင်ချန်လျန်ထန်း အသက်(၂၀) အဘ ဦးကျင်နွန် ဟုသိရပြီး ကျန် ၂ ဦးမှာ ဒေသခံမီဇိုး အမျိူး သားများဖြစ်ကြကြောင်း မီဇိုရမ်နေ.စဉ်ထုတ်သတင်းစာတွင်ဖော်ပြထားသည်။

၄င်း ၄ ဦးတို ့သည် လုံးလေမြို.အနီးရှိ မွလ်ထွာမ်ကျေးရွာတောင်ဘက်  ဦးဗန်လလ် ထန်း၏ လက်အောက်တွင် လွှဆွဲ လုပ်ငန်းလုပ်ကိုင်ရင်း တောထဲတွင် တဲကလေး ဆောက်ပြီး နေထိုင်သူများဖြစ်ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ညကစတင်ပြီး မိုးသည်းထန််စွာရွာသွန်းပြီးနောက် ၄င်းတို့၏ သတင်းများကို မကြားရ တော့သည့်အတွက်ကြောင့် ရွာသူ၊ ရွာသားများက ဇွန်လ ၃၀ ရက်နေ့တွင် ၄င်းတို.လွှဆွဲသည့်် နေရာသို. သွားရောက်စုံစမ်းကြည့်ရာတွင် သူတို့ တည်းခိုသည့် တဲကလေးကို ပြိုကျသွားသည့် မြေကြီးများက အကုန်ဖုံးဖိ ထားသည်ကို တွေ.မြင်ကြရသည်ဟုသတင်းစာတွင်ဖော်ပြထားသည်။

“သူတို့နေထိုင်တဲ့ တဲရဲ့ အနောက်ဘက်က မြေကြီးကပြိုတော့၊ အဲဒီမြေကြီးက သူတို့ရဲ့ တဲကလေးကို အကုန်လုံး ဖုံးဖိနေတာကို တွေ့ရတယ်၊လူသေအလောင်း တွေဆိုရင် ၁၀ ပေ အောက်အထိ မြေကြီးက ဖုံးဖိနေတာကို တွေ့ရတယ်” ဟုသတင်း စာထဲတွင် ဖော်ပြထားသည်။

အလောင်းကို ဇူလိုင််လ ၃၀ ရက် ညနေပိုင်း ၃း၃၀ ခန်.တွင် အပြီးစီးထုပ်ယူနိုင်ခဲ့ သည်ဟု သိရသည်။

သေဆုံးသူ ချင်းအမျိူးသား ၂ ဦးသည် ချင်းပြည်နယ် မည်သည့်ကျေးရွာများမှ လာရောက်ကြသည်ကို အတိအကျ မသိရသေးသော်လည်း  လုံးလေ မြို့နယ်တွင် လွှဆွဲလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း နေသူများဖြစ်ကြသည်။