အိန္ဒိယနိုင်ငံ နယူးဒေလီ၌ ဒုက္ခသည်အဖြစ်နေထိုင်နေသော ချင်းအမျိူးသားတဦး ယခုလ ၂၁ရက်နေ့ည က ဒေသခံအမည် မသိသူ အိန္ဒိယအမျိုးသားများ၏ ရိုက်နှက်မှုကြောင့်....
အိန္ဒိယနိုင်ငံ နယူးဒေလီ၌ ဒုက္ခသည်အဖြစ်နေထိုင်နေသော ချင်းအမျိူးသားတဦး ယခုလ ၂၁ရက်နေ့ည က ဒေသခံအမည် မသိသူ အိန္ဒိယအမျိုးသားများ၏ ရိုက်နှက်မှုကြောင့် ဆေးရုံတင်ခဲ့ရသည်။
မြို.တော် နယူးဒေလီ ဆီတာပူရီ (Sitapuri) ရပ်ကွက်တွင်နေထိုင်သော မြန်မာနိုင်ငံ ချင်းပြည်နယ် မြောက်ပိုင်း ထန်တလန် မြို ့နယ် Bungkhua ကျေးရွာမှ ဦး Zo Ram Thang သည် ည ၈နာရီခန် ့တွင် ရေခတ်သွားပြီး ပြန်အလာတွင် အမည် မသိသူ အိန္ဒိယလူမျိုးများက ရိုက်နှက်ကာ ဦးခေါင်းတွင် ဒဏ်ရာရာခဲ့သည်ဟု ချင်း ဒုက္ခသည်များကော်မီတီ CRC တာဝန်ရှိ သူ ပူး Ro Mawi ကပြောသည်။
“သူ.ကို Deen Dal Upurdei လို.ခေါ်တဲ့ (DDU) ဆေးရုံးတွင် တင်ထားတယ် ပြီးတော့ အဲဒီဆေးရုံမှာ တာဝန်ကျနေတဲ့ ရဲတွေ ဆီမှာလည်း တိုင်ကြားတယ်လို.သိရတယ် ရဲစခန်းမှာတော့ သီးသန်.တိုင်းထား တာတော့မရှိ်ဘူး”ဟု သူက ခိုနူမ်းထုန် ကိုပြောပြခဲ့သည်။
ရဲထံတိုင်ကြားထားပြီးဖြစ်သော်လည်း ယခုအထိမည်သည့် အရေးယူဆောင်ရွက်မှုကိုမှ သက်ဆိုင်ရာ အာဏာပိုင်များက ပြုလုပ်ခြင်းမရှိသေးကြောင်းသိရသည်။
ဇိုးရမ်ထန်သည် သူ.ကလေးငယ် ၃ဦးနှင့်အတူ ရေခတ်သွားကြပြီး အိမ်ပြန်အလာတွင် တစုံတရာစကား များခြင်းမျိူးမရှိဘဲ ဒေသခံအိန္ဒိယအမျိူးသားများက အုတ်ခဲ၊ ကျောက်တုံးများဖြင့်ရုတ်တရက် ထုနှက်ခဲ့ကြ ခြင်းဖြစ်သည်။ ယင်းကဲ့သို. အဖေဖြစ်သူ အရိုက်ခံနေစဉ်တွင် ကြောက်ရွံ.စွာအော်ဟစ်ငိုကြွေးေနကြသော သူ ့ကလေး များ၏ အသံကို အနီးနားတွင်လမ်းလျောက် လာသည့် ချင်းဒုက္ခသည် ၃ ဦးက သိရှိသော ကြောင့်အချိန်မှီကယ်တင်နိုင်ခဲ့ကြသည်ဟုသိရသည်။
ပူဇိုးရမ်ထန်းတို.မိသားစုသည် နအဖစစ်အစိုးရ၏ နည်းမျိုးစုံသော လူထု အပေါ် ဖိနှိပ်မှုများကို မခံနိုင်သည့်အဆုံး ၁၉၉၉ခုနှစ်က အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် သို.ရောက်ရှိလာြကပြီး ထို.မှတဆင့် နယူးဒေလီမြို ့UNHCR ရုံးသို ့ ဒုက္ခသည်အဖြစ်ခံယူကာ နေထိုင်ကြသူများဖြစ်သည်။
ယခုအခါ သူတို.မိသားစုကို UNHCR ရုံးမှ ထောက်ပ့ံကြေးမပေးတော့သည့်အတွက် District Centre တွင် တစ်လရူပီငွေ ၃၀၀၀ ဖြင့် သန့်ရှင်းရေးအလုပ်ကို လုပ်ကိုင် ကာ မိသားစု ပြသာနာကို ခက်ခက်ခဲခဲ ဖြေရှင်းနေကြရသည်သိရသည်။
နယူဒေလီမြို.ရှိ Jeevan Park , Asalatpur, Vikaspuri နှင့် Sitapuri စသည့်ရပ်ကွက်များတွင် ဒုက္ခသည်အဖြစ် နေထိုင် ကြသည့် ချင်းလူမျိူးများကို ယခုတလောတွင် ဒေသခံအိန္ဒိယအမျိူးသားများ က ရိုက်နှက်ခြင်း၊ မုဒိန်းကျင့်ခြင်းများ မကြာ ခဏဆိုသလိုပိုမိုပြုလုပ်လာသည်ဟုသိရသည်။