မောင်တောတွင် ရေငံငါး ရှားပါးမှု ကြံုတွေ့နေရ

မောင်တောတွင် ရေငံငါး ရှားပါးမှု ကြံုတွေ့နေရ
by -
ကုလားတန်

မောင်တောမြို့ရှိ မြို့မစျေးတွင် လွန်ခဲ့သော အပတ် မှ စ၍ ရေငံငါးများ ရောင်းချခြင်း မရှိသည့် အတွက် ပြည်သူများ ငါးရှားပါးမှု နှင့် ရင်ဆိုင်နေကြောင်း မောင်တောမြို့မှ လူကြီး ဦးဇော်ကော်ရီယာ မှ ပြောသည်။

“ကျွန်တော်တို့ ရေငံငါးများ မတွေ့ရတာ တစ်ပတ်ရှိနေပြီ၊ မောင်နီကျေးရွာက တံငါးသည်တွေ ကို အစိုးရ တာဝန်ရှိသူတွေက တားမြစ်ထားတဲ့အတွက် တံငါးသည်တွေ ပင်လယ်ပြင်ကို ငါးဖမ်းဖို့ မသွားတဲ့ အတွက်ဖြစ်တယ်။” ဟု ပြောသည်။

ကျွန်တော်တို့ရွာသည် အစိုးရမှ ကောက်ခံနေသာ လူဦးရေးစာရင်း ကောက်ခံမှုတွင် ပါ၀င်ခြင်းမရှိသည့်အတွက် နယ်စပ်ဒေသ စောင့်ရှောက်ရေး ရဲတပ်ဖွဲ့၏ တားမြစ်သည့်အတွက် ရွာမှ တံငါးသည်များ ပင်လယ်ပြင်သို့ ငါးဖမ်းရန် မသွားနိုင်ကြောင်း ၎င်းရွာ မှ တံငါးသည် အာမိရ်ဟာမ်ဇာ၏ ပြောပြချက်အရ သိရသည်။

မောင်တောတွင် ယခုအခါ ငါးကန် နှင့် ဆည်မြောင်များရှိ ငါးများကို ရရှိနိုင်သော်လည်း  တကီလိုကို ရ၀၀ မှ ၉၀၀ ကျပ်ထိ ရောင်းချနေသောကြောင့် ပြည်သူလူထူများမှာ ၀ယ်ယူ စားသုံးရန် အခက်အခဲ ဖြစ်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်နှင့် ပဲများ၊ ချောင်းနှင့် မြောင်းများမှ ဖမ်းထားသော ငါးငယ်လည်များကိုသာ မောင်တောမြို့ သူ/သား များက စားသုံးနေရကြောင်းသိရသည်။

သို့သော်၊ မောင်တောမြို့မှ အမည်မဖေါ်လိုသူ အရာရှိတစ်ဦးကမူ တံငါးသည်များကို နယ်စပ်ဒေသစောင့်ရှောက် ရေး ရဲတပ်ဖွဲ့ မှ ပိတ်ပင်ထားသည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များမှသာ ပိတ်ပင်ထားသည့် ဖြစ်ကြောင် ပြောဆိုသည်။

မောင်တောမြို့ရှိ အရာရှိများဖြစ်သော နယ်စပ်ဒေသ စောင့်ရှောက်ရေး ရဲ တပ်ဖွဲ့၏ ညွန့်ကြားရေးမှူး ချုပ် နှင့် အဖွဲ့ဝင်များ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးမှူးများသည်  မြန်မာနိုင်ငံတွင် နှစ် ၃၀ ကြာပြီးမှ မတ်လ ၃၀ ရက်မှ ဧပြီလ  ၁၀ ရက် ထိ ကောက်ခံသော သန်းခေါင်း စာရင်းတွင်  ရိုဟင်ဂျာလူမျိုး အစား ဘင်္ဂါလီ ဟု ခေါ်ဆိုရန် စည်းရုံးခဲ့သော်လည်း ရိုဟင်ဂျာများမှ လက်မခံသည့်အတွက် ယနေ့ထိ ရက်ကို ရွေ့ပြောင်းထားသည်။

အစိုးရ မှ နည်းပုံစံ အမျိုးမျိုးကို သုံးပြီး ရိုဟင်ဂျာများကို စာရင်းကောက်ခံမှုတွင် ပါ၀င်လာရန် ကြိုးစားခဲ့သော် လည်း ရိုဟင်ဂျာ များ လက်မခံသည့်အတွက် ယခုအခါ သန်းခေါင်းစာရင်းမဟုတ်ဘဲ၊ လူဦးရေးစာရင်းကောက်ခံခြင်းကို ပြုလုပ်နေသည်။

၎င်းလူဦးရေးစာရင်းကောက်ခံသည့် ပုံစံတွင်မူ ခေါင်းစဉ်အဖြစ် “ခိုးဝင်လာသော ဘင်္ဂါလီများ စာရင်း” ဟု ဖေါ်ပြထားသည့်အတွက် ရိုဟင်ဂျာများ ပါ၀င်လာခြင်းမရှိချေ။ ၎င်းအတွက် အစိုးရ မှ ရိုဟင်ဂျာ ကျေးရွာသားများ၏ စားဝတ်နေရပ်များအား နည်းမျိုးစုံဖြင့် ချုပ်ချယ်နေကြာင်း မောင်တောမြို့မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ရော်ဖိက်မှ ပြောပြသည်။

Most read this week