ရိုဟင်ဂျာ နေအိမ်မြေပေါ်တွင် ဗုဒ္ဓဘာသာ ဓမ္မာရုံး တည်ဆောက်ရန် ရခိုင်ဝန်ကြီး ကြိုးပမ်း

ရိုဟင်ဂျာ နေအိမ်မြေပေါ်တွင် ဗုဒ္ဓဘာသာ ဓမ္မာရုံး တည်ဆောက်ရန် ရခိုင်ဝန်ကြီး ကြိုးပမ်း
by -
ကုလားတန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စက်ရုံစု ရပ်ကွက်၊ ကုန်သည်လမ်း၊ အမှတ် ၅၇၀ မြေကွက်အမှတ် (က-၄ / က-၅) နေ ရိုဟင်ဂျာ အမျိုးသားတဦး၏ နေအိမ်မြေ ပေါ်တွင် ဗုဒ္ဓဘာသာ ဓမ္မာရုံး တည်ဆောက်ရန် အတွက် ရခိုင်ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့မှ ၀န်ကြီး ဦးသာလူချေသည် ၂၀၁၂ ခုနှစ် မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် သွားရောက်ကြိုးပမ်းခဲ့ကြောင်း ၎င်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မှ အဖွဲ့ဝင်တဦး၏ပြောပြချက် အရ သိရသည်။

စက်ရုံ ရပ်ကွက် တွင် နေထိုင်သည့် ရခိုင်အမျိုးသားဖြစ်သည့် ဦးအောင်သန်းဝေ၊ ဦးအောင်သိန်းထွန်း နှင့် ဦးမောင်အေးတို့သည် ၎င်းရိုဟင်ဂျာ အမျိုးသား နေထိုင်ရာ နေအိမ်မြေပေါ်တွင် ဓမ္မာရုံး တည်ဆောက်နိုင်ရန် ရခိုင် အမျိုးသား ဖွံ့ဖြိုးရေး ပါတီအား ကျဉ်းကပ်ပြီး ပါတီအားကိုးဖြင့် အတင်းအားဓမ္မ နေအိမ်မြေ ကို သိမ်းပိုက်ရန် ကြိုးစားနေ ကြောင်း ၎င်း အဖွဲ့ဝင်ကပင် ပြောပြသည်။

ရခိုင် အမျိုးသား ဖွံ့ဖြိုးရေး ပါတီ မှ ၀န်ကြီး ၃ ဦးဖြစ်သော ဦးသာလူချေ၊ ဦးအောင်သန်းတင် နှင့် ဦး ကျော်သိန်း တို့ ကလည်း ၎င်းနေရာတွင် ဓမ္မာရုံးဆောက်ရန် သွားရောက် စစ်ဆေး နေစဉ် ၎င်းရပ်ကွက် အုပ်ချုပ်ရေးမှူး မှ တခြား နေရာ လွတ်ရှာပေးခဲ့သော်လည်း ၎င်းဝန်ကြီးတို့သည် ရိုဟင်ဂျာ အမျိုးသား နေအိမ်မြေနေရာတွင်သာ ဆောက်လိုကြောင်း၊ လိုအပ်ပါက ၀န်ကြီး အာဏာဖြင့်သော်၎င်း၊ ပါတီ အာဏာဖြင့် သော်၎င်း ပြုလုပ်သွားမည်ဟု ရပ်ကွက်ပြည်သူလူထုရှေ့မြောက်တွင် ပြောဆိုသည်။

၎င်းမြေနေရာပေါ်တွင် မိုဟာမတ်ဆော်ယာဒ် (ခ) လှမောင်သိန်း သည် မြေပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် နေထိုင်နေသုတဦးဖြစ်ကြောင်း၊ ၎င်းနေရာပေါ်တွင် ယခင် တိုင်းမှူး အချိန် ကာလာတွင်လည်း ယခုကဲ့သို့ ဓမ္မာရုံးဆောက်ရန် ကြိုးစားခဲ့သော်လည်း  မအောင်မြင်ခဲ့ကြောင်း ဓညာဝတီရပ်ကွက်မှ ရခိုင် အမျိုးသား တဦးမှ ပြောပြသည်။

မိုဟာမတ်ဆော်ယာဒ် နေထိုင်နေရာ ရပ်ကွက်တွင် အီစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ လူမျိုးအများစု နေထိုင်ရာ ရပ်ကွက်ဖြစ်သည့် အတွက်  ဗုဒ္ဓဘာသာ ဓမ္မာရုံး တည်ဆောက်ရန် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများနေထိုင်ရာ နေရာတွင် သာ တည်ဆောက်သင် ကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နိုင်ငံရေးသမားတဦးမှ ပြောပြသည်။