ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည် လက်ခံရန် မြန်မာ သဘောတူ

ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည် လက်ခံရန် မြန်မာ သဘောတူ
by -
ကုုလားတန်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇာ ခရိုင်၊နယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်း နှစ်ခုတွင် နေထိုင် သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး UNHCR မှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားသူများကို ပြန်ခေါ်ရန်  မြန်မာအစိုးရက သဘောတူ လိုက်သော်လည်း စခန်းအပြင်တွင်

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇာ ခရိုင်၊ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း နှစ်ခုတွင် နေထိုင်သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားသူများကို ပြန်ခေါ်ရန်  မြန်မာအစိုးရက သဘောတူ လိုက်သော်လည်း စခန်းအပြင်တွင် နေထိုင်နေကြသော ရိုဟင်ဂျာ သိန်းပေါင်းများစွာ၏ ကံကြမ္မာမှာ မည့်ကဲ့သို့ဖြစ်မည်ကို မဆုံးဖြတ်ရသေကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အတွင်းရေးမှူး မီဇာရုလ် ကာယာစ် ၏ အောက်တိုဘောလ ၁၅ ရက်နေ့ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောပြသည်။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်၊ နေပြည်တော်တွင် ဒု-နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် နှင့်တွေ့ဆုံချိန် တွင် ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကို ဆွေးနွေးခဲ့ပါကြောင်း ပြောပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် UNHCR မှ အသိအမှတ်မပြုထားသော ရိုဟင်ဂျာ ဒုက္ခသည် များစွာရှိပါကြောင်း၊ ၎င်းတို့ အတွက်လည်း မြန်မာ အစိုးရ နှင့် ဆွေးနွေးပြီး၊ ပြန်လည်နေရာ ချထားရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ၎င်းအချိန်အတွင်း ၎င်းတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေစဉ် အတင်းအဓမ္မ နှင်ထုတ်မည် မဟုတ် ကြောင်း ပြောပြသည်။

အသစ်တစ်ဖန် ဒုက္ခသည်များ ဘင်္ဂါလာဒေ့ရှ်နိုင်ငံသို့ မဝင်နိုင်ရန်အတွက် နှစ်နိုင်ငံ နယ်စပ်တပ်များစောင့် ရှောက် ပေးရန် သဘောတူထား ပါကြောင်း ပြောပြသည်။

“ကျနော်တို့ ကို တခြား တိုင်းရင်းသားများ နည်းတူ တန်းတူအခွင့်အရေး ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးမယ်ဆိုရင် ကျနော်တို့ အချိန်မရွေး သွားမယ်”ဟု ဒုက္ခသည်စခန်း ကော်မတီ အဖွဲ့ဝင်တဦး က ပြောဆိုခဲ့ပါသည်။

“အမိမြန်မာပြည်မှာ ကျနော်တို့ပြန်သွားနေချိန်တွင် ကျနော်တို့၏ အသက် အာမခံ ရှိယင်၊ ကျနော်တို့ နောက် တခေါက် ဒီနိုင်ငံကို ပြန်မလာချင်ဘူး။”

ဘင်္ဂါလာဒေ့ရှ် ၀န်ကြီးချုပ် ရှိက်ဟာဆီနာ မြန်မာပြည်သို့ များမကြာမိ အချိန်တွင် သွားရောက်မည်ဖြစ်ကြောင်း၊ ၎င်းခရီးစဉ်တွင် ရိုဟင်ဂျာ အရေးကို ဆက်လက် ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန် လာနိုင်မည် ဖြစ်ကြောင်း၊ အဘုလ် ကာလာမ် အာဇာတ်၊ ၀န်ကြီးချုပ်၏ ပြန်ကြားရေး အရာရှိ မှ ပြောပြသည်။

၁၉၉၁-၉၂ ခုနှစ်တွင် မြန်မာစစ်အစိုးရ၏ ဖိနှိပ် ချုပ်ချယ် ကန့်သတ်မှုကြောင်း ရိုဟင်ဂျာ လူမျိုး သုံးသိန်းနီးပါး ဘင်္ဂါလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့သည်။ ၎င်းတို့ကို UNHCR မှ ကမကထ ပြုပြီး ပြန်လည် နေရာ ချထားခဲ့ သော်လည်း ယ္ခုပြောဆိုနေသော ဒုက္ခသည်စခန်း နှစ်ခုတွင် ရှိ ဒုက္ခသည်များမှာ ၎င်း အုပ်စုမှ ဖြစ်ကြောင်း သိရသည်။

ထို့အတူ ၁၉၇၈ ခုနှစ် စစ်အစိုးရ၏ နဂါးမင်း စစ်ဆင်းရေး ကြောင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာ နှစ်သိန်း သည် ဘင်္ဂါလာဒေ့ရှ်နိုင်ငံသို့ထွက်ပြေး ခိုလှုံခဲ့သည်။ သို့သော် မြန်မာ နှင့် ဘင်္ဂါလာဒေ့ရှ် နိုင်ငံတို့၏ သဘော တူညီချက် အရ ဟင်္သာ စီမံကိန်းဖြင့် ရိုဟင်ဂျာ အာလုံးနီးပါး ပြန်လည် လက်ခံ ခဲ့ကြောင်း သိရသည်။

၄ သိန်း ထက်များစွာ သော ရိုဟင်ဂျာများသည် ဘင်္ဂါလာဒေ့ရှ် နိုင်ငံ ရှိ နယ်စပ် တလျှောက် နှင့် တောင်တန်း ဒေသများတွင် နေထိုင်လျက် ရှိကြောင်း သိရှိရသည်။

မြန်မာ နှင့် ဘင်္ဂါလာဒေ့ရှ် နိုင်ငံတို့ဆွေးနွေး သည့် အချိန်တိုင်းတွင် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည် ခေါ်ယူ သွားမည် ဟု ပြောဆိုသော်လည်း မြန်မာအစိုးရ၏ အသစ် တစ်ဖန် ပြုလုပ်မည် ဖိနှိပ် ချုပ်ချယ် ကန့်သတ်မှု ကြောင်း၎င်း၊ မြန်မာနိုင်ငံ ၏ ရွေးကောက်ပွဲ အရ သော်၎င်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှု မရှိသည့်အတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ သွားရန် စိုးရိမ် မိပါကြောင်း ဒုက္ခသည်စခန်း မှ စခန်းလူကြီးတဦး၏ ပြောပြချက်အရ သိရသည်။