လုပ်အားခ တိုးမြှင့်ပေးရန်အတွက် ဆန္ဒပြတောင်းဆို

လုပ်အားခ တိုးမြှင့်ပေးရန်အတွက် ဆန္ဒပြတောင်းဆို
by -
ခိုင်သော်က
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပုလဲ နဲ့ ငါးလုပ်ငန်းမှ နေ့စားအလုပ်သမား ၂၀၀ ကျော်သည် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး နေ့တွင် လုပ်အားခ တိုးမြှင့်ပေးရန်အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု....

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပုလဲ နဲ့ ငါးလုပ်ငန်းမှ နေ့စားအလုပ်သမား ၂၀၀ ကျော်သည် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး နေ့တွင် လုပ်အားခ တိုးမြှင့်ပေးရန်အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ကမ္ဘာ့အလုပ်သမားနေ့ မေဒေး နေ့ တွင် အလုပ်ဝင်ချိန် နံံနက် ၉ နာရီ မှ မွန်းတည့် ၁၁ နာရီအထိ နေ့စားအလုပ်သမား ၂၀၀ ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးနှင့် အချိန်ပို လုပ်အားခရရှိရန် အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု အမည်မဖေါ်လိုသူ အလုပ်သမားတဦးမှသတင်းပို့ပေးသည်။

နေ့စားအလုပ်သမား အမျိုးသားတဦးလျှင် ၁၅၀၀ ကျပ် နှင့် အမျိုးသမီးတဦးကို ၁၀၀၀ ကျပ် သာရရှိပြီး အလုပ်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သတ်မှတ်ထား သော်လည်း အချိန်ပို ၃ နာရီထိ အခမဲ့လုပ်ပေးရသည့်အတွက် ကျွန်တော်တို့ အလုပ်သမားတွေက အလုပ်သမား အမျိုးသားတဦးလျှင် ၂၀၀၀ ကျပ် နှင့် အမျိုးသမီး တဦးလျှင် ၁၅၀၀ ကျပ် တိုးမြှင့်ပေးရန် နှင့် အချိန်ပို လုပ်အားခထုတ်ပေးရန် ယခုလို ကမ္ဘာ့အလုပ်သမားနေ့တွင် ဆန္ဒပြတောင်ဆိုခဲ့ကြသည်ဟု အမည်မဖေါ်လိုသူ အလုပ်သမားဟောင်း တဦးက ပြောပြ အတည်ပြုသည်။