တာပိန်မြစ် ရေအားလျှပ်စစ်အနီး အစိုးရတပ်အား KIA မိုင်းခွဲတိုက်ခိုက် ၈ ဦးကျ

တာပိန်မြစ် ရေအားလျှပ်စစ်အနီး အစိုးရတပ်အား KIA မိုင်းခွဲတိုက်ခိုက် ၈ ဦးကျ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရ တပ်ပေါင်းစုစစ်ကြောင်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ ယမန်နေ့ နံနက် ၁၀ နာရီချိန်တွင် မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၈ ဦးသေဆုံးကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်း ဌာနသို့ပြောသည်။

တာပိန်မြစ် ရေအားလျှပ်စစ်အနီး အစိုးရတပ်အား KIA မိုင်းခွဲတိုက်ခိုက် ၈ ဦးကျ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၃) လက်အောက်ခံတပ်ရင်း (၁၅) မှ မြန်မာအစိုးရတပ် တာပိန်ရေ အားလျှပ်စစ်တွင် လုံခြံုရေးယူထားသော တပ်မ (၉၉) တပ်ပေါင်းစုတပ်ကို အနီး ရာဘာခြံတွင် မှိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့စဉ် သေဆုံးမှုဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့ဘက်က တစ်လုံးဘဲ ဖေါက်ကွဲလိုက်တာ တခါထဲ ၈ ယောက်လဲသွားတယ်။ ကျန်တဲ့သူနဲ့လည်း အနည်းငယ်ပစ်ခတ်ကြပြီး လက်နက်ကြီးနဲ့လည်း ၁ ခေါက် ၂ ခေါက် ပစ်ပြီးတဲ့နောက်ငြိမ်သွားတယ်” ဟု ရှေ့တန်းမှဆိုသည်။

ထိုမြန်မာအစိုးရတပ်ဖွဲ့အား တာပိန်ရေအားလျှပ်စစ်အနီးတွင် ကင်းလှည့်နေစဉ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ မှိုင်းဖြင့်ပစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တာပိန်မြစ်ရေအားလျှစ်စစ်အနီးဝန်းကျင်တွင် မြန်မာအစိုးရတပ်ဖွဲ့များသည် နေရာကွက်ကြား ၅ နေရာခန့်တွင် အင်အား၂၀ ကျော်ဖြင့် တပ်ချထားကြောင်း သိရသည်။

အစိုးရတပ်လုံခြုံရေးနှင့် တပ်ချထားသည့် နေရာများသည် ဇိန်းခုန်းလမ်း (Zinghkung lam)၊ တာပိန်ရေအား လျှပ်စစ်ရုံး၊ ဆန်ဂန်ရွာ (Sang Gang)နှင့် ဗန်းမော်သွားလမ်းများတွင်ဖြစ်ကြောင်း သိရသည်။

၎င်းနယ်မြေတွင်ရှိနေသော အစိုးရစစ်အင်အားများနှင့် စက်တင်ဘာ ၁၆ ရက် ညတွင် ဗန်းမော်ဘက်မှ စစ်ကား ၄ စီး နှင့် အင်အား ၁၀၀ ကျော်ဖြင့် ထပ်မံရောက်ရှိလာသည့် တပ်သားများသည် ယနေ့ ဒေါ့ဖုန်းယန်ရွာအတွင်း ဝင်ရောက်စစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ချထားသောနေရာတဝိုက် နှစ်ဖက် အသင့်အနေ ထားဖြင့် တင်းမာမှုများရှိနေဆဲဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုများရှိနေချိန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း KIA ဗဟိုအရာရှိများပြောသည်။

Most read this week