ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ

ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ
by -
ကချင်သတင်းဌာန

ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါ တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့(KIA) ကြား တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း ပန်ဝါမှလာသောသတင်းများ ဆိုသည်။

kambaiti-road-270412_336_280
ဧပြီ ၂၆ ရက်နေ့ KIA တပ်ဖွဲ့များ ပန်ဝါမြို့ကို ၀ိုင်းထားရာမှ မြန်မာ့တပ်မတော်လက်အောက် နယ်ခြားစောင့်တပ် (ယခင် NDA-K) နှင့် တိုက်ပွဲများ ဖြစ်လာခြင်းဖြစ်သည်။
kambaiti-road-270412

တရုတ်နယ်စပ် ပန်ဝါမြို့အား ဧပြီ ၂၈၊ စနေနေ့မနက်ပိုင်းတွင် KIA မှ ၀င်ရောက်သိမ်းပိုက်ထားပြီး၊ KIA စစ်သား ၈ ဦးလည်း ကျဆုံးသည်ဟု Jinghpaw Kasa blog (http://www.jinghpawkasa.blogspot.com) က ဖော်ပြသည်။

သို့သော် ပန်ဝါသို့ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်များ ရဟတ်ယာဉ်ဖြင့် သယ်ပို့ပေးနေခြင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေဆဲအခြေနေဖြစ်သည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ဆိုသည်။

တိုက်ပွဲကြောင့် ပန်ဝါရှိ ပြည်သူများနှင့် အစိုးရဝန်ထမ်းများ တရုတ်နယ်စပ်သို့ ထွက်ပြေးနေကြသည်ဟု ပန်ဝါ သတင်းရပ်ကွက်ကဆိုသည်။

Most read this week