ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့ KIO ဒုက္ခသည် စခန်း သို့ရောက်

ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့ KIO ဒုက္ခသည် စခန်း သို့ရောက်
by -
ကချင်သတင်းဌာန

တိုက်ပွဲကာလ ၅ လ အလွန် ကချင်လွတ် မြောက် ရေးအဖွဲ့ (KIO) ထိန်းချုုပ်ရာ တရုတ်နယ်စပ် ဒုက္ခသည်စခန်းများသို့ ကုလသမဂ္ဂ ၀န််ထမ်းများ ဒီဇင်ဘာလ ၁၂ ရက်တွင် ပထမဆုံးအကြိမ် ရောက်ရှိလာသည်။

unicef_aid_laiza

ကုလသမဂ္ဂယာဉ်တန်းတစ်ခု KIO ဗဟိုဌာနချုုပ် လိုင်ဇာမြို့သို့ ထိုနေ့ည ကရောက်ရှိခြင်းဖြစ်သည်။

ပြီးခဲ့အပတ်ကတည်းက UNOCHA၊ UNICEF နှင့် UNHCR ရုံးအဖွဲ့သားများသည် လိုင်ဇာသို့ ရောက်ရန်ဖြစ် သော်လည်း မန်မော် (ဗန်မော်)ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က တားမြစ်သဖြင့် ကြန့်ကြာနေရ သည်ဟု ၎င်းတို့နှင့်နီးစပ်သူများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ကုလသမဂ္ဂက KIO ဒေသရှိဒုက္ခသည်များကို ကူညီရန်ရှိသည်ကို မလိုအပ်ဟု အကြောင်းပြ၍ မြန်မာအစိုးရက ငြင်းပယ်ခဲ့သည်ဟုု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး သံတမန် သောမတ်စ်အိုဟေးကွင်တားနားက ဆိုသည်။

KIO ဒုက္ခသည်စခန်းများ၏ လိုအပ်မှုများကို လူမှုအဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ပို၍သတိပေးလာချိန် ပထမအကြိမ် ကုလသမဂ္ဂအကူအညီများ လိုင်ဇာသို့ရောက်ရှိလာခြင်းဖြစ်သည်။

လိုင်ဇာသို့ ထောက်ပ့ံပစ္စည်းများ မည်သို့ သယ်ယူပို့ဆောင်မည်ကို ကုလသမဂ္ဂအရာရှိ ၄ ဦးဖြင့် ဆွေးနွေး ခဲ့သည်ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ(IRRC) ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက ဆိုသည်။

UNICEF မှ ဦးမြတ်သာ၊ UNOCHA မှ ဦးမိုးအောင်၊ UNHCR မှ ဦးဂျိုးဇက်နှင့် ဦးနေလင်းထက်တို့ပါ၀င် ဆွေးနွေး သည်ဟု သိရသည်။

နိုဝင်ဘာ ၁၃ ရက် အင်္ဂါနေ့တွင် ထိုကုလဝန်ထမ်းများနှင့် KIO ကယ်ဆယ်ရေးအဖွဲ့များလိုင်ဇာဝန်းကျင် ဒုက္ခသည် စခန်း ၆ ခုသို့ သွားရောက်ကြသည်ဟု ဆက်ဆိုသည်။

UNICEF မှ မိသားစု ၃၀၀၊ UNHCR မှ မိသားစု ၅၀၀ အတွက်ရရှိသည့် အိုးခွက်ပန်းကန်များနှင့်အမိုးအကာ များကို အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဟု ဆလန်ကဘာ ဒွဲပီဆာပြောသည်။

အစိုးရ ဒုက္ခသည် ကယ်ဆယ်ရေးအကူအညီအား KIO လက်မခံ ကုလသမဂ္ဂမှ အကူအညီများကို KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီက လက်ခံသော်လည်း မြန်မာအစိုးရကထည့်ဝင်လှူဒါန်းသည့်ပစ္စည်း များကိုမူငြင်းပယ် လိုက်သည်ဟု ဆလန်ကဘာ ဒွဲပီဆာပြောသည်။

ထိုသို့ငြင်းပယ်လိုက်သည့်အထဲ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဦးသိန်းဇော်၏ အနွေးထည် ၁၀၀၀ နှင့် ဆန်အိတ် ၃၀၀ အပြင် ကချင်ပြည်နယ်အစိုးရကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လှူဒါန်းလိုက်သည့် မိသားစု ၁၀၀၀ အတွက် ထောက်ပံ့ရေးပစ္စည်းများပါ၀င်သည်ဟု ဆိုသည်။

ထို့အပြင် မြန်မာအစိုးရစစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချင်ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှ မိသားစု ၄၀၀ အတွက် ထောက်ပံ့ပစ္စည်းများကိုလည်း IRRC က လက်မခံဟု ဆက်ဆိုသည်။

လိုင်ဇာအခြေစိုက် ဒုက္ခသည်ကယ်ဆယ်ရေး (RANIR) တာဝန်ခံ ဆလန်လရစ်က UN အကူအညီများ ရောက်ရှိ လာခြင်း ကို ကြိုဆိုလိုက်ကာ အစောပိုင်းကတည်းက ရောက်လာသင့်သည်ဟု တုန့်ပြန်သည်။

“အခုက ပထမဆုံးအကြိမ်၊ နောက် ရပ်မသွားသင့်ဘူး။ နောက်ထပ်လည်း UN အဖွဲ့ကိုမှန်ကန်တဲ့လေ့လာ တိုင်းထွာမှု တွေ ဆက်လုပ်သွားဖို့ တိုက်တွန်းချင်တယ်” ဟု ဆိုသည်။

ဆက်လက်၍ ဆလန်လရစ်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှလည်း KIO ဒေသရှိဒုက္ခသည်များကို ထောက်ပံ့သင့် သည်ဟု ဆိုသည်။

တဖက်မှာ WFP သည် သြဂုတ်လမှစတင်၍ မြန်မာအစိုးရထိန်းချုပ်သည့် မြစ်ကြီးနားနှင့်ဝိုင်းမော်ဒေသရှိ ဒုက္ခသည် များ ကို ထောက်ပံ့နေခဲ့သည်ဟု ဆက်ဆိုသည်။

ဒုက္ခသည်ကယ်ဆယ်ရေးအတွက် မြန်မာအစိုးရနှင့် KIO တို့က ကုလသမဂ္ဂကိုု ဦးဆောင်စေသင့််သည်ဟု RANIR တာဝန်ခံ ပြောသည်။

မြန်မာအစိုးရက KIO ကို ထိုးစစ်ဆင်လာချိန် ဇွန်လမှစ၍ ဒီဇင်ဘာ ၉ ရက်ထိ ရှမ်းပြည်မြောက်ပို်င်းနှင့် ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာကြရသူများ ၅၀၀၀၀ ကျော်ပြီဟု KIO မိုင်ဂျာယန်အခြေစိုက် WPN အဖွဲ့က အစီရင်ခံစာထုတ်ဝေထားသည်။

၎င်းတို့ထဲမှ ၄၄၀၀၀ ကျော် KIO ထိ်န်းချုပ်နယ်မြေ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်ဟု IRRC ကဆိုသည်။

ဒီဇင်ဘာ ၁၄ ရက်ထုတ်မြန်မာအစိုးရသတင်းစာတွင် ကချင်ပြည်နယ် ၎င်းတို့အုပ်ချုပ်ဒေသများအတွင်း နေရပ်စွန့်ခွာသူများ ၁၄၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

တဆက်တည်း သမ္မတဦးသိန်းစိ်န်က ကာကွယ်ရေးဦးစီးချုပ်ထံ KIA ကို ထိုးစစ်ဆင်ခြင်းမပြုရန်ညွှန်ကြား ထားပြန်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထိုညွှန်ကြားစာကို ဖတ်ပြသည့်နေ့ ဒီဇင်ဘာ ၁၂ ရက်မှာပြင်မြစ်ကြီးနားမြို့ သို့ ရထားတွဲ ၂ စီးဖြင့် မြန်မာအစိုးရတပ်များ ၀င်ရောက်လာသည်ဟု ဒေသခံမျက်မြင်များက ဆိုသည်။

ထို့အပြင် မြန်မာအစိုးရတပ်သည် KIO ကို ထိုးစစ်ဆင်နေဆဲဖြစ်သည်ဟု KIO အရာရှိများပြောသည်။

တချိန်ထဲတွင် KIO ၏ ဒုတိယအကြီးဆုံး မိုင်ဂျာယန်မြို့သို့ မြန်မာအစိုးရတပ်များအင်အားရာပေါင်းများ စွာဖြင့် ထိုးစစ်ဆင်နေဆဲဖြစ်ကာ သေနတ်သံများကြားနေရသည်ဟု မိုင်ဂျာယန်မြို့တွင်နေထိုင်သူများပြော သည်။

ကချင်ပြည်နယ်ရှိ မြောက်ပို်င်းတို်င်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်နှင့် ခြေမြန်တပ်ရင်းပေါင်း ၄၆ ရင်းရှိရာ ယခုအခါ တပ်ရင်း ၂၉ ထပ်မံရောက်ရှိနေသည်ဟု KIO အရာရှိများ ဆိုသည်။

၎င်းတို့မှာ မကွေးအခြေစိုက် တပ်မ(၈၈) မှ တပ်ရင်း ၁၀ ခု၊ မန္တလေးတိုင်း မိတ္ထီလာအစြေခိုက်တပ်မ(၉၉) မှ တပ်ရင်း ရ ခု၊ စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် စကခ(၁၀) မှ တပ်ရင်း ၆ ခု၊ ရခိုင်ပြည်နယ်တောင် ကုတ် အခြေစိုက် စကခ(၅) မှ တပ်ရင်း ၆ ခု ပါ၀င်သည်ဟု ဆိုသည်။

UNOCHA = United Nations Office for the Coordination of Humanitarian Affairs
UNICEF = United Nations International Children’s Emergency Fund
UNHCR = United Nations High Commissioner for Refugees
WFP = World Food Program
IRRC = IDP and Refugee Relief Committee
RANIR = Relief Action Network for IDP and Refugee
WPN = Wunpawng Ninghtoi

Most read this week