မြန်မာအစိုးရက မြစ်ကြီးနားမြို့ လုံခြံုရေး အထူးတင်းကြပ်လာ

မြန်မာအစိုးရက မြစ်ကြီးနားမြို့ လုံခြံုရေး အထူးတင်းကြပ်လာ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် မြန်မာ အစိုးရက ဒေသခံပြည်သူများကိုဖြတ်သန်းသွားလာ ခွင့် အထူးတင်းကြပ်လာရာ လမ်းဆုံလမ်းခွများတွင် စစ်သားများစောင့်ကြပ်ချ ထားလာသည်ဟု ဒေသခံများပြောသည်။

kng
ထို့အတူ စာသင်ကျောင်းများ၊ အစိုးရရုံးများနှင့် အခြားဌာနဆိုင်ရာရုံးများလည်း သာမန်အချိန်ထက်စော ၍ ကျောင်းဆင်းရုံးဆင်းလာကြသည်ဟုဆိုသည်။

“KBC ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရုံးလည်း ၃ နာရီဆင်းပြီ ခါတိုင်းဆို ၄ နာရီမှ လူစုခွဲတာ” ဟု ထိုရုံးနှင့် နီးစပ်သူတစ်ဦးပြောသည်။

နိုဝင်ဘာ ၂၉ ရက်က လူနှစ်ဦးသေဆုံးစေသည့် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကချင်ရိုးရာမနောကွင်း ရှိရာ ရှတာပရူရပ်ကွက်တွင်လည်း နယ်မြေမှူး၊ ဆယ်အိမ်မှူးများက ညနေ ၅ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် အိ်မ်တိုင်း လိုက်လံသတိပေးပြောဆိုလာသည်ဟု ဆိုသည်။

“ပြီးတော့မနက်ဖြန်အစည်းအဝေးထပ်ခေါ်တယ်။  အိမ်ထောင်စု မိတ္တူလေး ၄ ခု ယူလာဖို့ပြောတယ်။”
ထို့အပြင် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေးမှု အာဏာပိုင်များက အထူးကြပ်မတ် ဆောင်ရွက်လာသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်က မြန်မာအစိုးရတပ်၏ လက်နက်ကြီးကျည်ကြောင့် ၁ ဦးသေ ဆုံးကာ ၆ ဦး ဒဏ်ရာ ရရှိသည့် တာလောကြီးကျေးရွာတွင် မြန်မာအစိုးရတပ်နှင့် KIO ကြား တိုက်ပွဲစိပ်လာသဖြင့် စာသင်ကျောင်း များ ပိတ်ထားသည်ဟု ထိုဒေသမှ ဆရာမတစ်ဦးပြောသည်။

တာလောကြီးကျေးရွာအုပ်စုတွင် အထက်တန်းကျောင်းတစ်ခု၊ အလယ်တန်းကျောင်းတစ်ခု မူလတန် လွန်းနှင့် မူလတန်းကျောင်းများရှိသည်ဟု သိရသည်။

မြစ်ကြီးနားမှ တောင်ဘက်သို့ ဧရာဝတီမြစ်အတိုင်း စက်လှေဖြင့် ၃ နာရီကြာစုန်ဆင်းလျှင်မြစ်ကျိုးအင်း အရှေ့ ဘက်ကမ်းက တာလောကြီးသို့ရောက်သည်။

အရပ်ဝတ်လဲအစိုးရတက်လာပြီးနောက် ဇွန် ၉ ရက်မှ စကာ မြန်မာအစိုးရတပ်နှင့်ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကြားတိုက်ပွဲများဖြစ်ပွားနေရာ ယခုအခါ ၅ လကျော် ကြာလာပြီဖြစ်သည်။

လတ်တလော နိုဝင်ဘာလ ၂၉ ရက်က တရုတ်နိုင်ငံရွှေလီမြို့တွင် မြန်မာအစိုးရနှင့် KIOကြားတွေ့ဆုံခဲ့ သော် လည်း အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေးပါ။

ကချင်ပြည်နယ်၏မြို့ကြီးများနှင့် တရုတ်နယ်စပ်တစ်လျှောက် စစ်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေး ကြသူများ ၃၂၀၀၀ ကျော်ပြီဖြစ်သည်ကို အကူအညီပေးနေသည့်အဖွဲ့အစည်းများ၏စာရင်းများက ဖော်ပြနေသည်။

Most read this week