တရုတ်အမျိုးသမီး ၉ ဦးအား မြန်မာစစ်သားများ အဓ္ဓမပြုကျင့် သတ်ဖြတ်

တရုတ်အမျိုးသမီး ၉ ဦးအား မြန်မာစစ်သားများ အဓ္ဓမပြုကျင့် သတ်ဖြတ်
by -
ကချင်သတင်းဌာန

အောက်တိုဘာ ၂၁ ရက်က ရှမ်းပြည်မြောက်ပိုင်း မုန်ပေါ်မြို့အနီး ရှောင်ဟော(Shau Haw)ကျေးရွာမှ တရုတ်အမျိုးသမီး (၉) ဦးအားမြန်မာအစိုးရစစ် သားများ အုပ်စုလိုက် အဓ္ဓမပြုကျင့််ပြီးသတ်ဖြတ် ခဲ့ကြောင်း ဒေသခံများပြောသည်။

rape-chinese-girl

ကျူးလွန်သည့် စစ်သားများသည် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)အောက် အမှတ် (၁) အခြေစိုက်စစ်ဗျူဟာ (ကွတ်ခိုင်) လက်အောက်ခံတပ်ရင်းများဖြစ်သည်ဟုဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်း မုန်ဘော်အနီး နီရှန်ဟူး(Ni Shang Hu)ကျေးရွာမှ နောက်ထပ်တရုတ် အမျိုးသမီး (၆) ဦးအားလည်း လားရှိုးအခြေစိုက် ခမရ (၅၂၂) မှ စစ်သားများ ပေါ်တာဆွဲခေါ်သွား ကြောင်း ဒေသခံများပြောသည်။

Most read this week