KIA တပ်ရင်း (၈)နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာစစ်သား ၁၅၀ ကျ

KIA တပ်ရင်း (၈)နှင့် ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာစစ်သား ၁၅၀ ကျ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်ရင်း (၈) အား ၆ ရက်ကြာ ထိုးစစ်ဆင်လာချိန် မြန်မာအစိုးရတပ်သား အနည်းဆုံး ၁၅၀ ကျဆုံးသည်ဟု မျက်မြင်များပြော သည်။

masat4-1

ယင်းအရေအတွက်မှာ မန်တုံမြို့နယ်ရှိ KIA တပ်ရင်း (၈) ဒေသအား စက်တင်ဘာ (၂၄) ရက် မှ စ ၍ မြန်မာအစိုးရတပ်က ထိုးစစ်ဆင်လာချိန် ပေါ်တာအဖြစ် မြန်မာအစိုးရတပ်က ခေါ်ဆောင်ခဲ့သော ပြည်သူများ ပြောဆိုချက်အရ သိရခြင်းဖြစ်သည်။

ကျဆုံးမြန်မာအစိုးရတပ်သားများသည် မိတ္ထီလာအခြေစိုက် တပ်မ (၉၉)မှ ဖြစ်သည်ဟု ထွက်ပြေးလာသည့် ပေါ်တာများနှင့် KIA အရာရှိများပြောသည်။

ယခုတိုက်ပွဲတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်များအပြင် ရှမ်းပြည်ပြင်ပမှ တပ်မ(၉၉) နှင့် ရွာထောင် တပ်မ(၃၃)နှင့် KIA တပ်ရင်း (၈) ကြားဖြစ်ပွားခြင်းဖြစ်သည် ဟု KIA အရာရှိများပြောသည်။

KIA တပ်သား ၅ ဦး ယခု သီတင်းပတ်အစောပိုင်းက ကျဆုံးသွားသည်ဟု KIA အရာရှိများအတည်ပြုပြောဆို သည်။

ယခုအခါ လွယ်ကန်အခြေစိုက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၅ ခု အနက် ၃ ခု (တပ်းရင်း (၂)၊ တပ်ရင်း (၉)၊ တပ်ရင်း (၂၉)) အခြေစိုက်စခန်းများအား မြန်မာအစိုးရတပ်က ၀င်ရောက်သိမ်းပိုက်ထား သည်ဟု သိရသည်။

ထို့အပြင် ရာဂဏန်းရှိ တပ်မ (၉၉)၊ မကွေးအခြေစိုက် တပ်မ (၈၈)နှင့် အခြားတပ်ကူများထပ်မံရောက်ရှိ လာကာ လွယ်ကန်မှ တောင်ဘက်ရှိ KIA တပ်ရင်း (၁၇) အခြေစိုက်စခန်းအနီး နေရာ ယူထားကြသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ယခုချိန်တွင် ထောင်ဂဏန်းရှိ စစ်ပြေးဒုက္ခသည်များ စစ်ဖြစ်ပွားရာဒေသမှ ထွက်ပြေးလာကြပြီး အများစုမှာ တောတောင်ထဲ ပုန်းအောင်းနေကြကာ နေရာထိုင်ခင်း၊ အစားအစာနှင့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်ကြံုတွေ့နေရသည်ဟု ဒုက္ခသည်များနင့် နီးစပ်သူများက ဆိုသည်။

၆ ရက်ကြာ နှစ်ဖက် ပြင်းပြင်းထန်ထန် စစ်ဖြစ်ပွားနေစဉ် မိမိ နေရပ်ရွာ ကျေးရွားများကို စွန့်ခွာသော စစ်ပြေး ဒုက္ခသည် စုစုပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း KIA တပ်မဟာ ၄ အရာရှိများ ပြောသည်။

Most read this week