ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ချင်းမိုင်မြို့ မြစ်ရေ လျှံကာ အနိမ့်ပိုင်းနေရာများ ရေလွှမ်းမိုးသွားသည့် ထဲ မြန်မာနိုင်ငံသားများ အများစု လုပ်ကိုင်သည့် ညစျေးတန်း(Night Bazaar) ပါ၀င်သည်။
စက်တင်ဘာ ၂၈ ရက်တွင် ပိန်မြစ်ရေလျှံလာသဖြင့် ဆိုင်ခန်းများအားလုံုးနီးပါး ပိတ်လိုက်ရကာ ဆုံးရှုံးမှု အနည်းဆုံး ထိုင်းဘတ်ငွေ သန်း ၁၀၀ ရှိမည်ဟု Night Nazaar အုပ်ချုပ်ရေးကော်မတီမှ အရာရှိတစ်ဦး The Nation သတင်းတွင် ပြောဆိုထားသည်။
“တနင်္လာနေ့လောက်မှ စျေးပြန်ရောင်းလို့ရမယ်”ဟု Night Bazaar စျေးသည်တစ်ဦး ပြောသည်။
စျေးဆိုင်ခန်းများတွင် လုပ်ကိုင်သူ ၃ ပုံ ၂ ပုံမှာ မြန်မာနိုင်ငံသားများဖြစ်ကြကာ အလုပ်သမားတစ်ဦးအတွက် ပျှမ်းမျှ တစ်လ ဘတ်ငွေ ၅၀၀၀ နှင့် ၆၀၀၀ ကြား ရရှိကြသည်ဟု ဆိုသည်။
ဆိုင်ခန်းပေါင်း ၅၀၀ ကျော်တွင် မြန်မာနိုင်ငံသားများ ၃၀၀ နှင့် ၄၀၀ ကြား ရှိနို်င်သည်ဟု ပြောသည်။