မြန််မာအစိုးရက KIA ဒု-စစ်ဦးစီးချုပ်အား အပုပ်ချ ပိုတာစတာကပ််

မြန််မာအစိုးရက KIA ဒု-စစ်ဦးစီးချုပ်အား အပုပ်ချ ပိုတာစတာကပ််
by -
ကချင်သတင်းဌာန

မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် အား မဟုတ် မမှန် အပုပ်ချသည့် ပိုစတာများကို ကချင် ပြည် နယ် မန်မော်(ဗန်းမော်)မြို့အနှံ့ကပ်ထား သည်ကို ယနေ့ နံနက်ပိုင်းမြင်တွေ့ ရကြောင်း မျက်မြင်များပြောသည်။

KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်။ ဓါတ်ပုံ-ကချင်သတင်းဌာနလက်ဖြင့်ရေးကပ်ထားသော စာရွက်တွင် “ဒူကဘာ ဂွမ်မော် လုပ်ကြံခံရတယ်။” ဆိုပြီး မြင်တွေ့ရသည်ဟု မန်မော် ဒေသခံတစ်ဦးပြောသည်။

ယင်းကဲ့သို့ မဟုတ်မမှန် လုပ်ကြံဖော်ပြချက်ကို KIA က ပယ်ချလိုက်ပြီး ဒု-စစ်ဦးစီးချုပ် မှာ လိုင်ဇာ ဌာနချုပ်တွင် ကျန်းမာ ပကတိနှင့် မိမိတာဝန်ထမ်းဆောင်နေကြောင်း KIA အရာရှိများ တုန့်ပြန်ပြောဆိုသည်။

“အစိုးရ ပိုစတာက KIA ကို ရှုတ်ချဖို့ဖြစ်တယ်။ အံံသြစရာ မ ဟုတ်ဘူး။” ဟု KIA အရာရှိတစ်ဦးပြောသည်။

သြဂုတ် ၂၀ ရက်ကလည်း အစိုးရက KIO/KIA အား ရှုတ်ချသည့် အချက် (၉) ချက်ပါ လက်ရေးပိုစတာ များကို ဗန်းမော်မြို့ နေရာအနှံ့တွင် ကပ်ခဲ့သည်။

ယင်းပိုစတာတွင် “ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို KIA က ဖျက်ဆီးနေသည်ဟု စွပ်စွဲပြီးပြည်နယ် အေးချမ်းမှု မရှိလျှင် ဗန်းမော်ခရိုင်သည် ကချင်ပြည်နယ်အောက်တွင် မမှီလိုပါ” ဆိုပြီး ဖော်ပြထားသည်။

ယခုလို မြန်မာအစိုးရမှ နှစ်ကြိမ်တိုင် စီမံပြုလုပ်ခဲ့သည့် KIA အား အပုပ်ချသည့် စာရွက်ပိုစတာများ အောက်တွင် “ဗန်းမော်ခရို်င်သား” ဟု ရေးသား ထားသည်။

ဇွန် ၉ ရက် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ ဆန်ဂန် KIA စစ်စခန်းအား အစိုးရစစ်တပ်က ထိုးစစ်ဆင်ရာမှ ကချင်ပြည်နယ်တွင် ၁၇ နှစ်တိုင် တည်မြဲခဲ့သည် မြန်မာအစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေးစာချုပ်ပျက်ပြား ခဲ့သည်။

ယနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အနှံ့ မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ကွက်ကျား တိုက်ပွဲ များ နေ့စဉ်လိုလို ဖြစ်နေပါသည်။

Most read this week