မြန်မာစစ်တပ်ချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၄ ဦးဒါဏ်ရာရ

မြန်မာစစ်တပ်ချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၄ ဦးဒါဏ်ရာရ
by -
ကချင်သတင်းဌာန

သြဂုတ် ၃၀၊ အင်္ဂါနေ့က မြန်မာပြည်၏အကြီးဆုံး မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေးကားလမ်း မကြီးတွင် မြန်မာအစိုးရစစ်တပ် အချင်းချင်းပစ်ခတ် ကြရာ (၃) ဦးသေဆုံးပြီး ၄ ဦး ဒါဏ်ရာရရှိသည်ဟု မျက်မြင် သက်သေများပြောသည်။

တရုတ်နိုင်ငံမှ စစ်ကားများအား မူဆယ်မှ မန္တလေးဘက် မောင်းနင်ယူဆောင်ရာ ကားလမ်းလုံခြံုရေးယူ ထားသည့် သိန္နီအခြေစိုက် စကခ (၁၆) လက်အောက်ခံ မြန်မာစစ်သားများအား မူဆယ်-ကွတ်ခိုင်ကြား KIA တပ်ရင်း (၉) က တိုက်ခိုက်ခဲ့သည်ဟု KIA ကဆိုသည်။
nam-um-hte-humung-lapran-gap-hkat-JH
သို့သော် အစိုးရ စစ်အင်အားများလွန်းသည့်အတွက် KIA တပ်များ အချိန်တိုပစ်ခတ်ပြီး ဆုတ်ခွာသွားသည်ဟု သိရသည်။

ထို့နောက်် ကွတ်ခိုင်မြို့ဘက်မှ တပ်ကူ စစ်ကား (၅) စီးဖြင့် ရောက်လာသည့် အစိုးရစစ်သားများနှင့်ကားလမ်း လုံခြံုရေးယူထားသော တပ်များကြား မွန်းလွဲ ၂ ခန့်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကြသည် ဟု မျက်မြင်သက်သေများ ဆိုသည်။

ထိုသို့မှားယွင်းပစ်ခတ်ကြသည့်နေရာမှာ ကွတ်ခိုင်မှ မူဆယ်ဘက်သို့ ဦးတည်သည့် နမ်ပါကာ (Nampaka)မြို့ နှင့် နမ်အွမ် (Nam Um)ကျေးရွာ ကြားတွင် ဖြစ်သည်။

ဒါဏ်ရာရရှိသွားသော စစ်သား ၄ ဦးသည် ယခုချိန် ကွတ်ခိုင်ဆေးရုံတွင် ရောက်ရှိနေကြသည်ဟု ဒေသခံများ ပြောပါသည်။

သြဂုတ် (၂၅) ရက်တွင်လည်း မူဆယ်မှ မောင်းနင်လာသည့် မြန်မာစစ်ကားများအား ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ အောက်၊ KIA တပ်ရင်း ၉ က တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

Most read this week