KIO အား ပြည်ပ ကချင်အဖွဲ့အစည်းများ ငွေကြေး ကူညီ

KIO အား ပြည်ပ ကချင်အဖွဲ့အစည်းများ ငွေကြေး ကူညီ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ “Padang Hkrun Lam Majan Masing” တော်လှန်ရေး စီမံချက်ကို အထောက်အကူပြုရန်နိုင်ငံတကာ ရောက် ကချင်အဖွဲ့အစည်းတစ်ခုကကူညီပံ့ပိုးလိုက် သည်။

2_hkawng

မလေးရှား-စင်ကာပူ မှ ကချင်အမျိုးသားများ ပူးတွဲဖွဲ့စည်းသည့် “Mungdan Ngang Kang Komiti” မှ ကူညီသည့် အမေရိကန်ဒေါ်လာ ၁၃၀၀၀ (ကျပ် သိန်း ၁၀၀) ကိုလက်ခံရရှိပြီး “တော်လှန်ရေး စီမံချက်” တွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဟု ဇူလိုင် ၂၆ ရက်ထုတ် KIO ဗဟိုကော်မတီ၏ ကူညီထောက်ပံ့ငွေလက်ခံရ ရှိကြောင်း ကျေးဇူးတင်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရ စစ်တပ်နှင့် KIO တို့ ဖြစ်ပွားနေသောစစ်ပွဲကြောင့် ဒုက္ခရောက်နေသည့် စစ်ပြေးများအားကူညီရန် နိုင်ငံတကာရောက် ကချင်အဖွဲ့အစည်းများ အလှူငွေများ ပေးပို့လှူဒါန်းနေသည်။

ဂျာမနီရောက် ကချင်အဖွဲ့အစည်းမှ တရုတ်ယွမ်ငွေ ၁၄၉၄၇ (ကျပ် ၂၂ သိန်းကျော်)နှင့် နယူးဇီလန်ရောက် ကချင်အဖွဲ့အစည်းမှ ယွမ် ၁၈၀၆၇ (ကျပ်သိန်း ၂၇ ခန့်) လက်ခံရရှိကာ စစ်ပြေးဒုက္ခသည်များအတွက် အကျိုးရှိစွာ အသုံးချသွားမည်ဟု ဇူလိုင် ၂၆ ရက်ထုတ် KIO ဗဟိုကော်မတီ၏ ကူညီထောက်ပံ့ငွေလက်ခံ ရရှိကြောင်းထုတ်ပြန်ချက်အရ သိရသည်။

“နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်များရရှိနိုင်ရန်အတွက် နိုင်ငံသားအားလုံးပါ၀င်ဆောင်ရွက်ရမည် ဖြစ်သောကြောင့် KIO ၏ နိုးဆော်တိုက်တွန်းမှုတွင် ပါ၀င်ဆောင်ရွက်ရန် လိုအပ်ပါသည်” ဟု လိုင်ဇာမြို့တွင် ဒေသအသီးသီးမှ ကချင်ရပ်မိရပ်ဖများနှင့် ၂ ရက်ကြာကျင်းပသည့် လူထုအစည်းအဝေးအပြီး ဇူလိုင် ၁၅ ရက်ထုတ် KIOထုတ်ပြန် ကြေငြာချက်တွင် ပြောဆိုထားသည်။

ဇွန် ၉ ရက်မှစကာ မြန်မာစစ်တပ်ကျောထောက်နောက်ခံ အစိုးရ စစ်တပ်နှင့် KIO ကြား စစ်ပွဲများ ဖြစ်ပွားနေပြီး ယခုအခါ တရုတ်နယ်စပ် KIO နယ်မြေများသို့ အိုးအိမ်စွန့်ပြေးလာသူ ပြည်သူ ၁၆၀၀၀ ကျော်ရောက်ရှိလာ သည်။

၂၀၀၈ ဖွဲ့စည်းပုံ အရပ်သားအစိုးရနှင့် KIO ကြား အပစ်အခတ်ရပ်ဆိုင်းရေးအတွက် အဖြေရှာနေဆဲဖြစ်သည်။

Most read this week