ကချင်ဒုက္ခသည်များကို ကူညီရန် NDF ပါတီ ပြည်နယ်ရုံးချုပ် ဖွင့်လှစ်

ကချင်ဒုက္ခသည်များကို ကူညီရန် NDF ပါတီ ပြည်နယ်ရုံးချုပ် ဖွင့်လှစ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် တရုတ်နယ်စပ်အနီးရှိ စစ်ပြေး ဒုက္ခသည် များအား ကူညီသွားရန် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ပြည်နယ်ရုံး ချုပ်ဖွင့်ပွဲအခမ်းအနား ကို မြစ်ကြီးနားမြို့တွင် ဇူလို်င်၂၃၊ ယနေ့ ပြုလုပ် ခဲ့သည်။

“ကော်မတီတွေဖွဲ့သွားပြီး စစ်ပြေးဒုက္ခသည်တွေကို ကူညီသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ဆွေးနွေးပြီး လုပ်သွားဖို့ရှိတယ်။” ဟု ပါတီ၏ပြည်နယ် အတွင်းရေးမှူး ဦးမာခါး ပြောသည်။
Kachin_NDF_leaders

ကချင်ပြည်နယ် NDF ပါတီ ဥက္ကဌ ဒေါ်ဘောက်ဂျာနှင့် အတွင်းရေးမှူး ဦးမာခါး (ကချင် ခေါင်းပေါင်းနဲ့) ယနေ့  နံနက် ၉ နာရီ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ National Democratic Force (NDF) ပါတီ ပြည်နယ်ရုံး ချုပ်ဖွင့်ပွဲ ဆုတောင်းပွဲသို့ ကချင်ပြည်နယ်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ စဒက၊ တစညနှင့် ကျားဖြူပါတီများမှကိုယ်စားလှယ် များ အပါအဝင် လူဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

NDF ပါတီ ဗဟိုကော်မတီဝင် ဒေါ်ဘောက်ဂျာနှင့် ဦးမာခါးတို့ဦးဆောင်ပြီး ကချင်ပြည်နယ်ရှိလူထုအတွင်းနိုင်ငံရေး နှင့် လူ့အခွင့်အရေး ပညာပေး အစီအစဉ်များပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်တွင် NDF ပါတီမှ ဖားကန့်ပြည်သူ့လွှတ်တော်နှင့် မြစ်ကြီးနား ပြည့်သူ့လွှတ်တော်အတွက် ၎င်းတို့နှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။

Most read this week