KIA တပ်မဟာ ၄ ကိုသိမ်းပိုက်ရန် မြန်မာက တရုတ်ကိုအကြောင်းကြား

KIA တပ်မဟာ ၄ ကိုသိမ်းပိုက်ရန် မြန်မာက တရုတ်ကိုအကြောင်းကြား
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ အားတိုက်ခိုက်သိမ်း ပိုက်တော့ မည် ဖြစ်ကြောင်းနယ်စပ်တရုတ်အာဏာပိုင်များထံ သို့ သက်ဆိုက်ရာမြန်မာအစိုးရအရာရှိများအကြောင်း ကြားခဲ့ ကြောင်း သိရသည်။

Lahpai_Zau_Raw
ဇူလိုင် ၁၆ ရက် စနေနေ့၊ မုံကိုးမျက်နှာချင်းဆိုင် မန်ဟိုင်း၌ တရုတ်အစိုးရ ပြည်ပဆက်ဆံရေးရုံးတွင် နှစ်ဖက်နိုုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များတွေ့ဆုံစဉ် တရုတ်ထံ မြန်မာဘက်က ဆွေးနွေးအကြောင်းကြားခြင်း ဖြစ်သည်ဟု နယ်စပ်သတင်းရပ်ကွက်မှ သိရသည်။

လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အားသိမ်းပိုက်စဉ် မြန်မာစစ်သားများ မန်ဟိုင်းသို့ ၀င်ထွက်သွား လာနိုင်ရန် တရုတ်ထံခွင့်တောင်းသည့်အပေါ် အချင်းချင်းနားလည်မှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်ဟုထပ်မံသိရ သည်။

အစည်းအဝေး၌ ယခင် မုံးကိုးကာကွယ်ရေးတပ်ဖွဲ့ (Munggu Defense Army) ထိန်းချုပ်ဒေသသို့ပါ KIA များ စိမ့်ဝင်လှုပ်ရှားလာသောကြောင့် အမြန်ဆုံးချေမှုန်းပစ်ရန် ကက(ကြည်း)နှင့် လားရှိုးအခြေစိုက်အရှေ့မြောက် ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ)မှ ညွှန်းကြားချက်ထွက်လာခြင်းများကို မြန်မာဘက်မှ ဆွေးနွေးခဲ့သည်ဟု အစည်းအဝေးနှင့်နီးစပ်သူများ ပြောသည်။

ယခင်ကလည်း KIA တပ်မဟာ ၄ အား KIO/KIA ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ်သို့ ပြောင်းရွှေ့ရန် သို့မဟုတ် ပြည်သူ့စစ်သို့အသွင်ပြောင်းလဲရန် မြန်မာစစ်တပ်က အကြိမ်ကြိမ် ဖိအားပေး တိုက်တွန်းခဲ့သည်။

သို့သော် လက်ရှိအခြေအနေထိ တပ်မဟာ ၄ အားသိမ်းပိုက်ရန် မြန်မာစစ်တပ်၏ သိသာထင်ရှားသည့်စစ်ရေး လှုပ်ရှားမှုမတွေ့ရသော်လည်း ဌာနချုုပ်လိုင်ဇာတွင်မူ KIO ခေါင်းဆောင်များမှ အရေးပါသောအစည်း အဝေးများ ကျင်းပနေသည်ဟု သိရသည်။

Most read this week