နယ်စပ်မှ တင်သွင်းသော တရုတ်ဆိုင်ကယ် ၁၈ စီး ၀ိုင်းမော်တွင် ဖမ်းဆီးထား

နယ်စပ်မှ တင်သွင်းသော တရုတ်ဆိုင်ကယ် ၁၈ စီး ၀ိုင်းမော်တွင် ဖမ်းဆီးထား
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမှမြစ်ကြီးနား ဘက်တွင်ပြန်လည်ရောင်းချရန်ဝယ်ယူစီးနင်းလာ သည့် ဆိုင်ကယ် ၁၈ စီးကိုမြန်မာအစိုးရသစ် အာဏာပိုင်များက ဖမ်းဆီးပြီး ယခုအခါ၀ိုင်းမော်မြို့ နယ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုသိရသည်။

ဧပြီလ ၂၉ ရက်၊ သောကြာနေ့ ညနေပိုင်း လိုင်ဇာမှ မြစ်ကြီးနားသို့အပြန်ခရီးတစ်ဝက်မလိချောင်းကူးတံတား တွင် ၎င်းဆိုင်ကယ် ၁၈ စီးအားဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဒေသခံတစ်ဦး ပြောသည်။

061710-vehicle၎င်းတရုတ်ဖြစ်လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်း လာကြသူများကိုမူ ဖမ်းဆီး ထိန်းသိမ်းမရှိဘဲ ဆိုင်ကယ်များကိုသာ ၀ိုင်းမော် ရဲစခန်းတွင် သိမ်းဆီးထားသည်ဟု ဆိုသည်။

“လူကြီးခရီးစဉ်ရှိလို့ဖမ်းတာတဲ့၊ လီဆူအမျိုးသမီး ၂ ယောက်က သူတို့ဆိုင်ကယ်လည်းပါသွားတော့ ငိုယိုနေလိုက်ကြတာ” ဟု ဒေသခံတစ်ဦး ပြောသည်။

လိ်ုင်စင်မဲ့တရုတ်ဆိုင်ကယ်သစ်တစ်စီးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် KIO အကောက်ခွန်သို့် ကျပ်ငွေ ၁၀၀၀ ပေးဆောင်ရပြီး လဂျားယန် မြန်မာစစ်တပ် ဂိတ်အပါအဝင်မြစ်ကြီနားသို့ အရောက် စုစုပေါင်း လမ်းရှင်းခ(ဂိတ်ကြေး) ကျပ်၂၅၀၀ ကုန်ကျသည်ဟု ဆိုင်ကယ်စီးနင်းရောင်းချသူ (ဆိုင်ကယ်ကယ်ရီ) တစ်ဦးပြောသည်။

မြစ်ကြီးနားဘက်သို့ နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ ကန်ပိုင်တီနှင့် KIO ထိန်းချုုပ်ရာလိုင်ဇာ နယ်စပ် ၂ ခုမှ ဆိုင်ကယ်များ အဓိက တင်သွင်းသည်။

ကန်ပိုင်တီနယ်စပ်တွင် ဆိုင်ကယ်စျေးသက်သာသော်လည်း တရုတ်ကုမ္ပဏီများက မောင်းနင်နိုင်ရန်စက်ဆင်  မ ပေးသည့်အတွက် ၀ယ်ယူသူများသည်ကုန်တင်ကားဖြင့်သာ ဆိုင်ကယ် သယ်ယူနိုင်သည်။ လိုင်ဇာတွင်မူ ဆိုင်ကယ်စျေးပိုများသော်လည်း စက်ဆင်ပေးသဖြင့် ဆိုင်ကယ်ကယ်ရီသမားများက ခရီးစရိတ် ကားခကျပ် ၁၅၀၀-၃၀၀၀ ကုန်ကျကာ ၀ယ်ယူ စီးနင်းကြသည်ဟု ဆိုသည်။

Most read this week