မဲရုံအလိုက် လတ်တလော အနိုင်အရှုံး

မဲရုံအလိုက် လတ်တလော အနိုင်အရှုံး
by -
ကချင်သတင်းဌာန

ဖားကန့်ဆမ်းကြွယ် ရပ်ကွက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မဲအတွက် NDF ဒေါ်ဘောက်ဂျာသည် ကြိုတင်မဲ ၁၈၄ မဲအပါအ၀င် ပေါင်း ၅၈၁ မဲ၊ ကြံ့ဖွံ့ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်က ကြိုတင်မဲ ...

ဖားကန့်ဆမ်းကြွယ် ရပ်ကွက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မဲအတွက် NDF ဒေါ်ဘောက်ဂျာသည် ကြိုတင်မဲ ၁၈၄ မဲအပါအ၀င် ပေါင်း ၅၈၁ မဲ၊ ကြံ့ဖွံ့ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်က ကြိုတင်မဲ ၂၈၇ မဲအပါအ၀င် ပေါင်း ၆၂၀ မဲ၊ ကျားဖြူပါတီမှ ဦးမောင်မောင်အေးက ကြိုတင်မဲ ၃၅ အပါအ၀င် ပေါင်း ၁၄၄ မဲ ရရှိသည် ဟုသိရသည်။

NDF ဒေါ်ဘောက်ဂျာဆမ်းကြွယ်ရပ်ကွက်တွင် ဦးအုန်းမြင့် ၃၉ မဲ အသာဖြင့် ဒေါ်ဘောက်ဂျာအား အနိုင်ရရှိသည်။

ကားမိုင်မြို့နယ်တွင်လည်း ဦးအုန်းမြင်သည် ဒေါ်ဘောက်ဂျာအား ၄၂ မဲအသာဖြင့် အနိုင်ရကြောင်းသိရသည်။

ဖားကန့်မြို့နယ် ကျောက်တိုင်ဖက်တွင် ဒေါ်ဘောက်ဂျာသည် ဆန္ဒမဲရုံ ၄ နေရာတွင် အနိုင်ရရှိသည်ဟု သိရသည်။

ရတနာကြာဖြူကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ မဲရုံတွင် ဒေါ်ဘောက်ဂျာ က ၁၆၃ မဲ၊ ဦးအုန်းမြင့်က ၇၄၇ မဲ ရရှိကြောင်းသိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူ (အထက) မဲရုံအမှတ် (၄၉) တွင် ဒေါ်ဘောက်ဂျာ က ၁၉၉ မဲ၊ ဦးအုန်းမြင့်က ၃၅၁ မဲရရှိကြောင်းသိရသည်။

နအဖ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်၏ “အကြွယ်ဝဆုံး” ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရှိ မဲရုံ အမှတ် ၁၀၀ တွင် NDF ဒေါ်ဘောက်ဂျာက ၂၀၃ မဲ၊ ဦးအုန်းမြင့်က ၂၉၁ မဲ၊  ကျားဖြူပါတီမှ ဦးမောင်မောင်အေးက ၉၁ မဲ ရရှိကြပြီး ပယ်မဲ ၁၈၁ မဲရှိသည်ဟုသိရသည်။

တဆက်တည်းတွင် အမျိုးသားလွှတ်တော်နေရာအတွက် မြစ်ကြီးနားမဲဆန္ဒနယ်တွင် စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီမှ ဦးခက်ထိန်နန်က ပမ္မတီးရပ်ကွက်၊ ယုဇနရပ်ကွက်၊ ကျွန်းပင်သာရပ်ကွက်၊ အေးစေတီရပ်ကွက် တို့တွင် မဲအပြတ်အသတ် အနိုင်ရရှိကြောင်းသိရသည်။

မြစ်ကြီးနားပြည်သူ့လွှတ်တော်အတွက် စာတိုက်၊ ကြေးနန်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်က ကချင်စုရပ်ကွက်မဲရုံတွင် မဲ ၂၀၀ အသာဖြင့်အနိုင်ရရှိသည်။  

ဦးသိန်းဇော်ပြိုင်ဘက်များမှာ  ဦးလနန်ဘောက်(တစည)၊ ဦမာခါး(NDF)နှင့် ဦးစိုင်းအောင်ကျော်ဦး (ကျားဖြူ) တို့ဖြစ်သည်။

အထက်ပါအနိုင်ရရှိမှုများမှာ သက်ဆိုင်ရာမဲဆန္ဒနယ်တစ်ခုလုံးမဟုတ်ဘဲ မဲရုံအသီးသီးမှရလဒ်များသာဖြစ်သည်။

Most read this week